BusinessNewsPolitic

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

အာရက္ခတိုင်းမ်စ် (၂၂ မတ် ၂၀၂၆)

အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် လောင်စာဆီအခက်အခဲဖြစ်နေလို့ မြန်မာနိုင်ငံက‌ လေကြောင်းလိုင်း အားလုံးနီးပါး ရပ်နားထားကြကြောင်း လေယာဉ်လက်မှတ်ရောင်းချသူတွေထံက သိရပါတယ်။

လောင်စာဆီအခက်အခဲကြောင့်လို့ဆိုကာ လေယာဉ်လက်မှတ်ရောင်းချတဲ့ အေးဂျင့်တွေထံ အီးမေးလ်နဲ့ စာပေးလာတယ်လို့ လေယာဉ်လက်မှတ်ရောင်းချသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒါကြောင့် လေယာဉ်လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်တွေကို ငွေပြန်အမ်းပေးတာတွေ လုပ်ဆောင်ပေးနေရသလို လေယာဉ်ထွက်မယ့်နေ့ကို ရက်ရွှေ့ခိုင်းတဲ့ ခရီးသည်တွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

“သူတို့ အီးမေးလ်ပို့တယ်။ အေးဂျင့်တွေကို‌ လေယာဉ်ဆီအခက်အခဲကြောင့် လောလောဆယ် ယာယီ ပြည်တွင်းရော၊ ပြည်ပရော ရပ်ထားတယ် ပြောတယ်။ အစိုးရနဲ့ ညှိလို့ရပြီဆိုရင်တော့ သူတို့ ပြန်လည် ပြုပြင်ပေးမယ်လို့ ပြောတယ်။ သတင်းပေါက်ကြားသွားတာ သူတို့အထဲက။ မသွားဘူးဆို ပြန်အမ်းနေတယ်။ သူတို့ စောင့်နေမယ်ဆိုတဲ့လူတွေကို လေယာဉ်ထွက်တဲ့နေ့ကို ပြောင်းပေးဖို့။ အားလုံး လေကြောင်းအားလုံး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ရန်ကုန်-စစ်တွေ လေယာဉ်တကြောင်းစာလက်မှတ်နှုန်းထားဟာ ၆ သိန်းခွဲအထိ ဈေးမြင့်သွားတယ်လို့ လေယာဉ်လက်မှတ်ရောင်းချသူတွေထံက သိရပါတယ်။

အရင်က ရန်ကုန်-စစ်တွေ လေယာဉ်ခက ၄ သိန်းကျော်မှ ၅ သိန်းကျော်အထိသာ ဈေးနှုန်းရှိတာဖြစ်ပြီး အခုအခါမှာ ၆ သိန်းကျော်အထိ မြင့်တက်သွားတာဖြစ်ကာ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ ကြာရှည်ဦးမယ်ဆိုပါက အခုထက်ပိုပြီး တက်နိုင်ခြေရှိတယ်လို့လည်း လေယာဉ်လက်မှတ်ရောင်းချသူထံက သိရပါတယ်။

လတ်တလောကြုံတွေ့နေရတဲ့ လေယာဉ်ဆီအကန့်အသတ်ကြောင့် ထပ်တိုးဝယ်ယူခွင့်ရှိတဲ့ ပစ္စည်းသယ်ဆောင်ခွင့် ကီလိုတွေကိုလည်း ရပ်ဆိုင်းထားကြောင်း လေကြောင်းလိုင်းတွေက ထုတ်ပြန်ထားပါတယ်။

ပြည်ပထွက်ခွာနဲ့ ပြည်တွင်းဆိုက်ရောက် လေကြောင်းခရီးစဉ်တွေမှာ ကီလိုထပ်တိုးဝယ်ယူခွင့်ကို ကန့်သတ်လိုက်ကြောင်း၊ လေကြောင်းလိုင်းကို ပုံမှန်အသုံးပြုတဲ့ Sky Smile အစီအစဉ်မှာ ပါဝင်တဲ့ Ruby နဲ Diamond အဆင့်ရှိ ခရီးသည်တွေအတွက် ကီလိုထပ်တိုးဝယ်ယူခွင့်ကို ပိတ်လိုက်ကြောင်း၊ Ruby အဆင့်ခရီးသည်တွေရဲ့ ခံစားခွင့်ဖြစ်တဲ့ အထူးတန်းအတွက် ၁၀ ကီလို၊ ရိုးရိုးတန်းအတွက် ၅ ကီလိုထပ်တိုး ဝယ်ယူနိုင်ခွင့်၊ Diamond အဆင့်ခရီးသည် ခံစားခွင့်ဖြစ်တဲ့ အထူးတန်းအတွက် ကီလို ၂၀၊ ရိုးရိုးတန်းအတွက် ၁၀ ကီလို ထပ်တိုးဝယ်ယူခွင့်တွေကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ နောက်ထပ်တစုံတရာ ထပ်မံထုတ်ပြန်ခြင်း မရှိတဲအချိန်အထိ အဲဒီကန့်သတ်ချက်မှာ အကျုံးဝင်မှာဖြစ်ကြောင်း MAI က ထုတ်ပြန်ထားပါတယ်။

MNA လေကြောင်းလိုင်းကလည်း ဘန်ကောက်နဲ့ စင်ကာပူကောင်တာတွေမှာ ထပ်တိုးသယ်ယူခွင့် ၁၀ ကီလိုသာ အများဆုံးဝယ်ယူနိုင်တော့မှာဖြစ်ကြောင်း၊ MNA ကို အမြဲတမ်းစီးနင်းနေတဲ့ ခရီးသည် တွေဖြစ်တဲ့ MNACLUB အဖွဲ့ဝင်တွေအနေနဲ့လည်း ထပ်တိုးကီလို ဝယ်ယူခွင့်ကို ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားကြပါတယ်။

အီရန်- အမေရိကန်/အစ္စရေး ပဋိပက္ခကြောင့် ကမ္ဘာလုံးအနှံ့ လောင်စာဆီ အကျပ်အတည်းများ ပေါ်ပေါက်လျက်ရှိပြီး နိုင်ငံအချို့ရှိ လေကြောင်းလိုင်းတွေဟာ ခေတ္တရပ်ဆိုင်းတာတွေ ရှိလာကြောင်း သိရပါတယ်။

Related posts

အရပ်သားပြည်သူများကို သတ်ဖြတ်နေတဲ့ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေကြောင့် မောင်တောမြောက်ပိုင်းဒေသခံများ လုံခြုံရေး စိုးရိမ်နေရ

Rakhita Times

ဧရာဝတီတိုင်းတွင် တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ထုတ်ပြန်

Rakhita Times

ANP လွှတ်တော်ကိုယ်စားဟောင်းတဦး အလောင်း ရန်ကုန် အင်းလျားကန်မှာ တွေ့

Rakhita Times

7 comments

coolpot.stream ဧပြီ 14, 2026 at 11:05 မနက်

References:

Online Casino Echtgeld Live Dealer

References:
https://notes.medien.rwth-aachen.de/d45OaFL4RjSofWnlWdRVkQ/

Reply
https://notes.bmcs.one/ ဧပြီ 15, 2026 at 8:32 ညနေ

References:

Peppermill casino wendover

References:
https://hedgedoc.eclair.ec-lyon.fr/s/zHtDm0EpV

Reply
pads.jeito.nl ဧပြီ 15, 2026 at 9:50 ညနေ

References:

Anabolic steroids muscle growth

References:
https://postheaven.net/grapegreek7/trusted-sources-to-buy-trenbolone-for-cattle

Reply
samaysakshya.co.in ဧပြီ 17, 2026 at 4:46 မနက်

References:

Androgenic meaning

References:
https://goodvibesonly.cloud/best-mobile-phones-under-30000/

Reply
MarvinDache ဧပြီ 20, 2026 at 7:50 မနက်

Анонимное лечение на дому ценно ещё и тем, что снижает внутреннее сопротивление самого пациента. Для многих людей первый контакт с врачом происходит именно дома, без дороги, без ожидания, без страха чужих взглядов. Такой формат помогает начать разговор не только о снятии острых симптомов, но и о более широких вопросах: что делать после выхода из запоя, когда требуется кодирование, в каких случаях нужна реабилитация, а когда первичная наркологическая помощь уже должна переходить в полноценный лечебный маршрут. Врач может помочь и в ситуациях, связанных не только с алкоголем, но и с наркомании, если семье нужно понять, что происходит с зависимым человеком и какой следующий шаг будет для него безопасным.
Подробнее можно узнать тут – http://narkolog-na-dom-voronezh-1.ru

Reply
Michaelacoup ဧပြီ 20, 2026 at 12:37 ညနေ

Вывод из запоя в стационаре в Нижнем Новгороде с круглосуточным наблюдением и поэтапным восстановлением в наркологической клинике «Частный медик 24»
Изучить вопрос глубже – http://vyvod-iz-zapoya-v-staczionare-nizhnij-novgorod-1.ru

Reply
quranpak.site မေ 4, 2026 at 2:32 မနက်

References:

Valley view casino center seating chart

References:
https://git.dieselor.bg/onamcqueen6218

Reply

Leave a Comment