HealthNewsPolitic

တောင်ကုတ်ဒေသခံတွေကို AA နယ်ဆင်း ဆေးကုသပေးပြီး ခြင်ထောင်ဝေပေး

အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်က ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက နယ်ဆင်းဆေးကုသပေးခဲ့ပြီး ခြင်ထောင်တွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။

“ တောင်ကုတ်ထဲက ရွာ ၁၁ ရွာက ပြည်သူတွေကို နယ်ဆင်းပြီး ဆေးကုပေးတယ်။ ခြင်ထောင်တွေလည်း ဝေပေးတယ်” လို့ တောင်ကုတ်မြိုနယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးတို့ ပူးပေါင်းပြီး တောင်ကုတ်မြို့နယ်က ကျောက်တန်းခါး၊ ဂွေးတောက်၊ ရပ်တော်မူ၊ တိုးချဲ၊ စလူ၊ ဒိုးနွယ်စမ်း၊ ပိနွဲစမ်း၊ ရေပေါ်ကြီး၊ သပြေ၊ ဇွတ်ပြဲ နဲ့ ညောင်လွန်တော စတဲ့ ကျေးရွာတွေက ပြည်သူတွေကို ဆေးကုသပေးပြီး ခြင်ထောင်များ ပေးဝေခဲ့တာပဲ ဖြစ်ပါတယ်။

“ အဓိကကတော့ ငှက်ဖျားကုသပေးတယ်။ ကျေးလက် ကျန်းမာရေးဌာနတွေမှာ ဆေးဝါးပြတ်နေရင် ဖြည့်ပေးတယ်။ ခြင်ထောင် စုစုပေါင်း အလုံးရေ ၈၅၀ ပေးခဲ့တယ်” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကျန်မားရေးဌာနက တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးတို့ နယ်မြေဆင်း ကုသပေးခဲ့တယ် ဒေသခံပြည်သူတွေဟာ တောင်၊တောင်ကို အဓိက မှီခိုစားသောက်နေရသူတွေ ဖြစ်ပြီးတော့ ခြင်ကျားကိုက်ခံရမှုကြောင့် ငှက်ဖျားအဖြစ်များတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Photo – APM

Related posts

ရက္ခိုင်က မြို့ ၄ မြို့ကို စကမ က AA ထံ တောင်းတယ်လို့ သတင်းထွက်

Rakhita Times

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

Rakhita Times

ရက္ခိုင်ပြည်က မြို့နယ် ၁၄ ခုကို ရက်ပေါင်း (၉၀) ကြာ စစ်အုပ်ချုပ်ရေး ထပ်မံသတ်မှတ်

Rakhita Times

Leave a Comment