BusinessHealthNewsPolitic

ဂေါ်တမီရင်ခွင် ရန်ပုံငွေရရှိရန် ဗိုလ်ချုပ်ကတော်က ဟန်းမိတ်အင်္ကျီ ရောင်းချမည်

အာရက္ခတိုင်းမ်စ် (၁၉ သြဂုတ် ၂၀၂၅)

အာရက္ခတပ်တော် စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူ ဖွင့်လှစ်ထားတဲ့ ဂေါ်တမီရင်ခွင် ရန်ပုံငွေရရှိစေရန် ဟန်းမိတ်အင်္ကျီ ပြုလုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

“နှစ်တရာ ရင်ဖုံးအင်္ကျီတို့ကို Hemp လို့ခေါ်တဲ့ ပိတ်စတမျိုးနဲ့ ချုပ်လုပ်ရောင်းချသွားပါမယ်။ ဟန်းမိတ်ပန်းပွင့်၊ လက်ထိုးကြယ်သီးတို့နဲ့ အလှဆင်ထားပြီး အမျိုးသမီးတိုင်း လိုက်ဖက်တဲ့ ပုံစံပြုလုပ် ရောင်းချမှာဖြစ်တယ်” လို့ ဒေါ်နှင်းဇာဖြူက ဆိုပါတယ်။

ရန်ပုံငွေအတွက် ရောင်းချသွားမယ့် ဆိုဒ်တွေကတော့ ၄ ဆိုဒ် ဖြစ်ပြီး အသေးကတော့ ရင် ၃၄ ကနေ ၃၇ လက်မအထိ၊ အလတ်ကတော့ ရင် ၃၈ ကနေ ၄၀ လက်မအထိ၊ အကြီးကတော့ ၄၀ ကနေ ၄၂ လက်မအထိ နဲ့ အကြီးဆုံးကတော့ ၄၂ ကနေ ၄၄ လက်မအထိ ချုပ်လုပ် ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

ဟန်းမိတ် အင်္ကျီကို မှာယူချင်သူတွေအနေနဲ့ သမီးငယ်ပါရှိပါက ဆင်တူဝတ်လို့ရအောင် မှာယူနိုင်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၀ နဲ့ ၂၅ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဟန်းမိတ်အင်္ကျီတွေကို preorder စနစ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး အမြတ်အားလုံးကို အာရက္ခပြည်အတွင်းက ရင်ခွင်ပျောက်ကလေးတွေနဲ့ အကူအညီလိုနေတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် တပြာတချပ်မကျန် အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှာယူချင်သူများအနေနဲ့ https://www.facebook.com/hnin.phru ကနေ မှာယူနိုင်ပါတယ်။

Related posts

ပေါက်တောမြို့နယ်က ရေလုပ်သားမွတ်ဆလင် ၂၈ ဦးကို စကမ ဖမ်းဆီး

Rakhita Times

တောအရက်ကြောင့် သေဆုံးသူများလာလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ဆေးနေ

Rakhita Times

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၅)

Rakhita Times

2,177 comments

Leave a Comment