NewsPolitic

မြောက်ဦးမှာ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၂၇ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့ကို စစ်ကော်မရှင်က သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး အထိ သေဆုံးခဲ့ပါတယ်။

“ ကြဲတဲ့နေ့မှာ ၁၂ ဦး သေဆုံးခဲ့ပြီးတော့ နောက်နေ့မှာ ကလေး ၁ ယောက် နဲ့ အမျိုးသမီး ၁ ယောက် ထပ်မံ ဆုံးပါတယ်။ စုစုပေါင်း ၁၄ ဦး ဆုံးပါးခဲ့တယ်” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်က စိုက်ပျိုးရေးဂိုထောင်အနီးကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။

“ စိုးရိမ်ရတဲ့ လူနာတွေလည်း ရှိနေသေးတယ်။ လောလောဆယ် အတတ်နိုင်ဆုံး ဆေးဝါးကုသမှုတွေတော့ လုပ်ပေးနေပါ” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

အာရက္ခတပ်တော်က သေဆုံးသူအရေအတွက် ၁၂ ယောက်ကို အတည်ပြုထားပေမယ့် လက်ရှိမှာတော့ သေဆုံးသူ ၂ ဦး ထပ်မံ တိုးလာတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင် ၅၀၀ နဲ့ ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် အလုံး ၂၀ ကျေ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

Related posts

အမ်း-ပဒါန်းလမ်းက ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံး

Rakhita Times

တိုင်းရင်းသားတွေကို ပြည်ထောင်စု ဦးဆောင်ခွင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူး

Rakhita Times

စစ်ကောင်စီထိန်းချုပ်တဲ့ အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို ဖိအားပေးခိုင်းစေမှု မြင့်တက်

Rakhita Times

Leave a Comment