NewsPolitic

မြောက်ဦးမှာ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၂၇ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့ကို စစ်ကော်မရှင်က သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး အထိ သေဆုံးခဲ့ပါတယ်။

“ကြဲတဲ့နေ့မှာ ၁၂ ဦး သေဆုံးခဲ့ပြီးတော့ နောက်နေ့မှာ ကလေး ၁ ယောက် နဲ့ အမျိုးသမီး ၁ ယောက် ထပ်မံ ဆုံးပါတယ်။ စုစုပေါင်း ၁၄ ဦး ဆုံးပါးခဲ့တယ်” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်က စိုက်ပျိုးရေးဂိုထောင်အနီးကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။

“စိုးရိမ်ရတဲ့ လူနာတွေလည်း ရှိနေသေးတယ်။ လောလောဆယ် အတတ်နိုင်ဆုံး ဆေးဝါးကုသမှုတွေတော့ လုပ်ပေးနေပါ” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

အာရက္ခတပ်တော်က သေဆုံးသူအရေအတွက် ၁၂ ယောက်ကို အတည်ပြုထားပေမယ့် လက်ရှိမှာတော့ သေဆုံးသူ ၂ ဦး ထပ်မံ တိုးလာတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင် ၅၀၀ နဲ့ ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် အလုံး ၂၀ ကျေ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

Related posts

စစ်ကောင်စီမှ သံတွဲမြို့ကို လေယာဥ်ဖြင့် ဗုံးလာကြဲ၊ ၃ နေရာ ပေါက်ကွဲ၊ ပြည်သူ ၂ ဦး သေဆုံး

Rakhita Times

နွမ်းပါးတဲ့ Grade 11 ကျောင်းသားများ အခမဲ့ပညာသင်ယူရန် ဝင်ခွင့်လျှောက်လွှာကို မေလ ၁၇ ရက်ထိ ထပ်မံတိုးမြှင့်‌

Rakhita Times

စစ်တွေမှာ သံပုရာသီးတလုံးကို ၂၅၀၀ ကျပ် ပေးဝယ်နေရ

Rakhita Times

1 comment

hghjfjdoss_cfkr ဧပြီ 17, 2026 at 5:15 ညနေ

Discover the amazing features of [url=https://hghjfjdossa.netlify.app]hghjfjdossa[/url] and elevate your experience today.
Innovations have paved new routes for investigating hghjfjdossa.

Reply

Leave a Comment