NewsPolitic

အာဆာ (ARSA) ကြောင့် မူဆလင်လူမျိုးတွေ အခက်ကြုံနေရ

အာရက္ခတိုင်းမ်စ်(၂၃ စက်တင်ဘာ၂၀၂၅)

အကြမ်းဖက် စစ်သွေးကြွ မူဆလင်လက်နက်ကိုင် အာဆာအဖွဲ့ကြောင့် မူဆလင်လူမျိုးတွေ ဒုက္ခရောက်နေကြရတာလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) ရဲ့ မောင်တောခရိုင် မူဆလင် အုပ်ချုပ်ရေးအကြံပေး ဂျူရီလူကြီး ဘာဆဲရ်က ဆိုပါတယ်။

သူက အာဆာ အကြမ်းဖက်သမားတွေဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဘက်ခြမ်း‌တွေမှာ လှုပ်ရှားလေ့ရှိပြီး အဲဒီဒေသက သူတို့ကို မထောက်ခံတဲ့ မူဆလင်တွေကို သတ်ဖြတ်မှုတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူဆလင်အသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့ အကြမ်းဖက် စစ်သွေးကြွ အာဆာအဖွဲ့ကြောင့် သိန်းနဲ့ချီတဲ့ မူဆလင်တွေဟာ ပြည်ပနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့‌တော်လှန်ရေးအစိုးရ (ULA/AA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရက္ခိုင်ပြည်တွင်းနေ ရက္ခိုင်နဲ့ မူဆလင်အသိုင်းဝိုင်းကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ တိုးတက်မှု ရှိလာတာကို မြင်လာရလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တခြားတစ်ဖက်မှာလည်း မူဆလင်တွေအပေါ် AA က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပြည်ပရောက် မူဆလင်အရေး တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေတာပါ။

နောက်ပြီးတော့ အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSAနဲ့ RSO တို့ကလည်း အာရက္ခတပ်တော် (AA)ကို မထီမဲ့မြင် ရန်စ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ပြည်ပရောက် မူဆလင်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အကြမ်းဖက် လက်နက်ကိုင် အုပ်စုတွေဖြစ်တဲ့ ARSA၊ RSO အဖွဲ့တွေဟာ သူတို့ ကိုယ်ကျိုးအတွက် အခုလို လုပ်ရပ်တွေ လုပ်နေကြတာသာဖြစ်ပြီး ဒါဟာ ရက္ခိုင်နဲ့ မူဆလင်တွေကြား လူမှုသဟဇာတဖြစ်မှုကို ပျက်ပြားစေတာလည်း ဖြစ်တယ်လို့ မောင်တောခရိုင် မူဆလင် အုပ်ချုပ်ရေးအကြံပေး ဂျူရီလူကြီး ဘာဆဲရ်က ဆိုပါတယ်။

Related posts

နပခ ရုံးစိုက်ထားတဲ့ အမ်းမြို့ဆိုတာ..

Rakhita Times

လွတ်ငြိမ်းရမိသားစု ဆေးကုသနိုင်ရန် ULA ပါတီ ငွေကြေးထောက်ပံ့

Rakhita Times

စကမရဲ့ လက်နက်ကြီးကြောင့် စေတနာ့ဝန်ထမ်း မိသားစုဝင်များ သေဆုံး

Rakhita Times

2 comments

Leave a Comment