NewsPolitic

စကမ နလန်ပြန်ထလာနိုင်ပေမယ့် စိုးရိမ်စရာမရှိလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ဟာ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကနေ သံတမန် အသိအမှတ်ပြုမှုတွေကြောင့် နလန်ပြန်ထနေတယ်လို့ အာရက္ခတပ်တော် စစ်စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

အထိအခိုက် အကျအဆုံးများနေတဲ့ စစ်ကော်မရှင်ဟာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်တာနဲ့အတူ တရုတ် အိန္ဒိယနဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတော်တော်များနဲ့ သံတမန်ရေး အားကောင်းလာပြီး အဲဒီနိုင်ငံတွေဆီကနေ စစ်ရေးအရ နည်းပညာအကူအညီတွေ ရလာခဲ့ပါတယ်။

စစ်ကော်မရှင် နလန်ပြန်ထလာရတာက သူ့ရဲ့ စစ်မှုထမ်းဥပဒေကြောင့်မဟုတ်ဘဲ တခြားနိုင်ငံတွေဆီကနေ ရလာတဲ့ စစ်ရေးနည်းပညာကြောင့် ဖြစ်တယ်လို့ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလိုပဲ ​ဖြေကြားထားပါတယ်။

“ သံတမန်ရေး အသိအမှတ်ပြုမှုနဲ့ စကမ နလန်ထလာတဲ့ကိစ္စ အဲဒီအချိန်မှာ နည်းဗျူဟာပိုင်းဆိုင်ရာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ ပုံသဏ္ဍာန်အရေးကို သူက စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးမှ အဲဒါက မဖြစ်နိုင်ဘူးလို့ ထင်တယ် ဒါပေမယ့် အခုဟာက အလုပ်ဖြစ်လာတယ်ပေါ့ အဲဒီလိုမျိုး အယူအဆတွေ ဒါပေမယ့် ဒီကိစ္စက တကယ်တမ်းကျတော့ စစ်မှုထမ်းဥပဒေက တိုက်ရိုက် သု့ရဲ့ မူဝါဒမှန်လို့ ပေါ်လစီမှန်လို့ အကျိုးပြုတယ်ဆိုတာထက် နည်းပညာ သံတမန်ရေးအရ အသိအမှတ်ပြုလာတော့ ယုံကြည်မှုတချို့ ရလာခဲ့တယ် လားရှိုးကိစ္စတွေ အရှေ့မြောက်မှာ တရုတ်မြန်မာ နယ်စပ်လုံခြုံရေးအတွက် သူက သံတမန်ရေးအရ ဝင်ရောက်ထိန်းကျောင်းပေးမှုမှာ စစ်ရေးအရ အကျိုးအမြတ်တွေက အဲဒီအခွင့်အလမ်းကို သုံးပြီးမှ နည်းပညာဆိုင်ရာ ပစ္စည်းတွေကိုလည်း သူက စနစ်တကျ ပြန်လည်စုဖွဲ့ဖို့အတွက် အချိန်ပေါ့ အသာစီးတချို့ ရခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကော်မရှင်ဟာ ရှမ်းမြောက်၊ ကရင်၊ ကချင်နဲ့ မြန်မာပြည်အလယ်ပိုင်းဒေသတွေကို တိုက်ခိုက်ရာမှာ အဆင့်မြင့်ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပထမဦးဆုံး လုပ်ဆောင်ပြီးတဲ့နောက်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ ပြန်လည်ထိုးစစ်ဆင်တဲ့ နည်းကို အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင် နလန်ပြန်ထလာတာထက်ကို ဆီးရီးယားနိုင်ငံ တော်လှန်ရေးဟာ သံတမန်ရေး ပိုပြီး အားကောင်းခဲ့ပေမယ်လည်း နောက်ဆုံးမှာ စစ်ခေါင်းဆောင်က ထွက်ပြေးသွားရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့် စစ်ကော်မရှင် နလန်ပြန်ထလာတာနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမလိုပေမယ့် သတိထားရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်ပြောပါတယ်။

“ ပြည်သူတွေအနေနဲ့လည်း စကမ နလန်ပြန်ထလာတာကို အရမ်းလည်း စိုးရိမ်စရာ မလိုပါဘူး သို့သော် တစ်ဖက်မှာ သတိထားရမယ် ဒါက တရုတ်နိုင်ငံကနေ သံတမန်ရေးအရ အသိအမှတ်ပြုမှုတွေက အရင်ထက်ပိုပြီး ပေါ်ပေါ်ထင်ထင် ရှိလာတယ်ဆိုတာက ဘယ်သူမဆို ကိုယ့်ရဲ့ အကျိုးစီးပွားကို ဗဟိုပြုပြီး စဥ်းစားတာပဲ” လို့ ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အနီအောက်ရောင်ခြည် ဒါမှမဟုတ် အပူလှိုင်းခြေရာခံ ညကြည့်စနစ်ပါဝင်တဲ့ နည်းပညာမြင့် ဒရုန်းတွေကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံကနေ သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းရန်ကာကွယ်ရေး အမိန့်ပေးစနစ်တရပ်ကို စစ်ကော်မရှင်က ရထားတာ ရှိတယ်လို့ သိရပါတယ်။

အဲဒါအပြင် မြန်မာစစ်ကော်မရှင်ရဲ့ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေဝယ်ယူရေးမှာလည်း ထိုင်းနိုင်ငံ ဘဏ်တချို့က ကြားခံချိတ်ဆက်ပေးတဲ့ဘဏ်တွေအဖြစ် နေရာယူထားတာတွေလည်း ရှိလို့နေပါတယ်။

Related posts

ဖက်ဒရယ်အစိုးရအဖြစ်ပြောင်းမယ့် NUG အနေနဲ့ ဘာတွေပြုပြင်သင့်လဲ

Rakhita Times

ကျောက်ဖြူ တိုက်ပွဲမှာ ALP ပါဝင်ခြင်းမရှိလို့ ငြင်းဆို

Rakhita Times

ကျောင်းသား ၅၀ သေဆုံးနိုင်တဲ့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု

Rakhita Times

Leave a Comment