အာရက္ခတိုင်းမ်စ် (၁၅ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်တွေ ထင်းတွေဟာ အရင်ကထက် ပိုရှားလာပြီး ဈေးတွေလည်း ပိုကြီးလာတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အခုလို ထင်းတွေ ရှားနေတဲ့အတွက် ဝယ်ချင်တိုင်း ဝယ်လို့မရကြောင်းလည်း စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ထင်းတွေလေ စစ်တွေမြို့ထက်မှာ ရှားနေပါတယ်မလား၊ ထင်းက တစည်းကို ထင်းအကောင်းမျိုးဆိုရင် ၁၅၀၀ ပါ။ ထင်း မီးမတောက်တဲ့ ထင်းမျိုးဆိုရင် ၁၃၀၀ ပါ။ တစည်းမှာ ၄ ချောင်းသာ ပါပါတယ်။ ၄ ချောင်းက တချောင်းကို တတောင်လောက် ရှိပါဖို့။ အဲဒီထင်းကို ၁၃၀၀ တမျိုး ၁၅၀၀ တမျိုးပဲ ရပါတယ်။ ဒါပေမယ့် အခုက ထင်းကို ဝယ်ချင်တိုင်း ဝယ်လို့မရပါ။ ရှားပါတယ် တော်တော်ကို ရှာလို့မရပါ” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည် စစ်တွေမြို့မှာ မိုခါမုန်းတိုင်းပြီးကတည်းက လျှပ်စစ်မီး လုံးဝ မရရှိတော့တာမှာ ဒီကနေ့ အချိန်အထိ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသခံလူထုတွေဟာ စားဝတ်နေရေးအတွက် ထင်း၊ မီးသွေး စတာတွေကို အသုံးပြုပြီး ချက်ပြုတ် စားသောက်နေကြရတာပါ။
လူမနေတဲ့ အိမ်တွေ၊ ငွေကြေးလိုအပ်တဲ့ အိမ်တွေက သူတို့ရဲ့ အိမ်တွေကို ဈေးအနှိမ်ခံကာ ရောင်းချကြပြီး အဲဒီအိမ်တွေက ရလာတဲ့ သစ်သားတွေကို ထင်းအဖြစ် ပြန်ရောင်းချကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရောင်းစားဖို့ အိမ်တွေက ကုန်သလောက် ဖြစ်သွားတဲ့အတွက် ထင်းက ပိုရှားလာတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲဒါကလေ ရှားလာတာက ဘာကြောင့်လဲဆိုရင် ထွက်ပြေးဖို့ ခိုင်းထားတဲ့ ရွာတွေမှာ အိမ်တွေ မရှိတော့လို့ပါ။ ပြီးခဲ့တဲ့ တနှစ်လောက်ကဆိုရင် ထင်းတွေကို အိမ်တွေ လူမနေတဲ့ အိမ်တွေကို ဖျက်လို့ အများကြီး ရောင်းရပါတယ်။ အခုက အဲဒီအိမ်တွေက မရှိတော့ဘူး။ အဲဒါကြောင့်မို့ ထင်းက ရှားတာပါ။ နောက် ပိုလို့ ဆိုးပါဖို့” လို့ သူက ပြောပါတယ်။
စစ်တွေမြို့ဟာ လက်ရှိမှာတော့ တည်ငြိမ်အေးဆေးနေတယ်လို့ ဆိုရပေမယ့် အခုနောက်ပိုင်းမှာ ညတိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အသံတွေကို ကြားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 comments
Yo, 123win64’s the real deal! Been playing here for ages and the wins keep coming. Fair play and good vibes only. Check it out: 123win64
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России