HealthNewsPolitic

ပလက်ဝတွင် ယမကာလုပ်ငန်းတွေကို AA ရဲ့ FDA စစ်ဆေး

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၆)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ Food and Drug Administration (FDA) ဌာနက ဇန်နဝါရီ ၁၅ ရက်မှာ ပလက်ဝခရိုင်ရှိ ယမကာလုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ယမကာ ထုတ်လုပ်ခွင့်၊ ရောင်းချဖြန့်ဖြူးခွင့် လိုင်စင်အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ပလက်ဝခရိုင် အုပ်ချုပ်ရေးဌာနမှာ လာရောက်လျှောက်ထားသူတွေကို အခုလို ကွင်းဆင်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စစ်ဆေးမှုကို FDA ဌာန နဲ့ ပလက်ဝခရိုင်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးက ပူးပေါင်းစစ်ဆေးခဲ့တာလို့ သိရပါတယ်။

ဒေသထွက် တောအရက် ထုတ်လုပ်ရာမှာ စနစ်တကျနဲ့ ထုတ်လုပ်ပြီး အရက်ရာခိုင်နှုန်း ၄၈ ရာခိုင်နှုန်းထပ် ကျော်လွန်ကာ မထုတ်လုပ်ရန်၊ ကော်ပိုက်တွေ နဲ့ တခြား ဓာတုဆေးဝါးတွေကို အသုံးမပြုပဲ ဝါး သို့မဟုတ် စတီးပိုက်တွေသာ အသုံးပြုကြဖို့ FDA က အသိပေး ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ရက္ခိုင်ဒေသထွက် တောအရက်တချို့မှာ အလွန်ပြင်းထန်တဲ့ အဆိပ်တမျိုးဖြစ်တဲ့ မက်သနော (methanol) ၅ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းထိ ပါဝင်နေတတ်ပြီး စနစ်တကျ အဆင့်ဆင့်ပေါင်းခံ ချက်လုပ်ထားခြင်း မရှိဘူးလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

မက်သနော အဆမတန်ပါတဲ့ တောအရက် ကို ၃ လခန့် စွဲသောက်မယ်ဆိုရင် အသည်းခြောက်ကာ ရေဖျင်းဆွဲခြင်း၊ ‌သွေးအန်ခြင်း၊ ဝမ်းအမဲသွားခြင်းအပြင် ကုသလို့ မရနိုင်တဲ့ အနေအထားထိပါ ကျန်းမာရေး ပြဿနာတွေ ကြုံလာနိုင်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှာ အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Ref & Photo – We Love Paletwa

Related posts

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းကို ရွေးချယ်

Rakhita Times

စကမ နေဗီက ငပလီဒေသခံ ငါးဖမ်းသမား ၅ ဦးကို ဖမ်းဆီး၊ စက်လှေသိမ်းပြီး နေဗီပေါ်ကနေ ပင်လယ်ထဲကန်ချ

Rakhita Times

ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က သံတွဲပြည်သူ ၂၀၀၀ ကျော်ကို အခမဲ့ဆေးကုသပေး

Rakhita Times

Leave a Comment