NewsPolitic

ကန့်ဘလူ ကိုးတောင်ဘို့တပ်စခန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်များ သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကိုင်းတိုင်း ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်က စစ်ကော်မရှင်နဲ့ ပျူစောထီးတပ်တွေ ထိုင်တဲ့ ကိုးတောင်ဘို့တပ်စခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

အဆိုပါစခန်းကို ၄ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၃၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဝန်းသိုအမြောက်တပ်နဲ့ ကျောက်တိုင်ကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ကိုးတောင်ဘို့စခန်းတွင် စစ်ကော်မရှင်နဲ့ ဝါသဝရဲ့ ပျူစောထီးတပ်သား အင်အား ၂၀၀ ဝန်းကျင် အထိုင်ချထားတာဖြစ်ပြီး အာရက္ခတပ်တော်၊ ကောလင်းခရိုင်တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ပကဖနဲ့ KB2 ကန့်ဘလူတပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်တာလို့ သိရပါတယ်။

ကိုးတောင်ဘို့စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေများပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲသတင်းကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက မကြာခင် ထုတ်ပြန်မယ်လို့လည်း သိရပါတယ်။

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကိုးတောင်ဘို့စခန်းကို သိမ်းပိုက်ပြီးနောက် ကောလင်းမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ကော်မရှင် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။

Related posts

စစ်တွေက အမျိုးသမီးငယ်တွေ တရုတ်မယားအဖြစ် လုပ်ကိုင်လာကြ

Rakhita Times

AA နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဘာကြောင့် မသင့်မြတ်မှုတွေ ဖြစ်နေတာလဲ

Rakhita Times

ကြောင်ဖိုရွာ ဗုံးကြဲခံရလို့ ၇ ဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရ လို့ AA ထုတ်ပြန်

Rakhita Times

Leave a Comment