အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်ကို ဘိလပ်မြေ တင်သွင်းသူ မွတ်ဆလင် ၁၉ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
ရက္ခိုင်ပြည်ကို စက်လှေနှစ်စီးနဲ့ တင်ပို့မယ့် ဘိလပ်မြေ အိတ် ၁၀၀၀ ကျော် ပါဝင်ပြီး ဂျင်း၊ ကုလားပဲ၊ ကြက်သွန်ဖြူနဲ့ အချိုရည်များလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်က ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကြားရှိ စိန့်မာတင်မီးပြတိုက်ကနေ ၃၈ မိုင်ခန့်အကွာတွင် စက်လှေနှစ်စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
သိမ်းဆည်းရမိပစ္စည်းများနဲ့ ထိန်းသိမ်းခံထားရသူများကို ဥပဒေအရ ဆက်လက်အရေးယူရန်အတွက် ရေတပ်ရဲ့ ရှေ့တန်းအခြေစိုက်စခန်း St. Martin ကို လွှဲပြောင်းပေးလိုက်တယ်လို့လည်း သိရပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ရက္ခိုင်ပြည်ကို ဘိလပ်မြေများ တင်သွင်းလာတဲ့ မွတ်ဆလင်ကုန်သည် ၁၁ ဦး ကိုလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

3 comments
Yo, G333game is the real deal! They have all the popular games. Worth checking out if you want some quick fun! Check it out here: g333game
Arinaplusapps? Nice! They claim to have the best deals. I’ll check them out now. arinaplusapps, here I come!
Heard some buzz about 7075plataforma. Supposedly they have good bonuses for new players. Worth a look if you’re hunting for deals at 7075plataforma.