အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၅)
အာရက္ခတပ်တော် (AA) နဲ့ မရာလန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ CDF-Mara ဌာနချုပ်ကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
AA နဲ့ MDF စုပေါင်းအဖွဲ့ဟာ လိုင်လင်းပီမြို့ အောက်လာအိုကျေးရွာကနေပြီးတော့ CDF-Mara စခန်းနဲ့ ၁ မိုင်ခန့်အကွာရှိတဲ့ အထက်လာအိုကျေးရွာအထိ ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။
“အချင်းချင်းကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် စစ်ရေးပွတ်တိုက်မှု မဖြစ်ပွားအောင် ထိုးစစ်များ ရပ်တန့်ပြီး ပြန်လည်ဆုတ်ခွာပေးပါရန်” CDF-Mara က တောင်းဆိုထားပါတယ်။
လက်ရှိတွင် ချင်းပြည်အတွင်း ကြုံတွေ့နေရတဲ့ အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပြဿနာများ ပြေလည်ဖို့အတွက် မီဇိုးရာမ်ပြည်နယ် ဝန်ကြီးချုပ်က လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

3,785 comments