NewsPolitic

AA နဲ့ MDF တို့ CDF-Mara ဌာနချုပ်ကို ထိုးစစ်ဆင်

အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၅)

အာရက္ခတပ်တော် (AA) နဲ့ မရာလန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ CDF-Mara ဌာနချုပ်ကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

AA နဲ့ MDF စုပေါင်းအဖွဲ့ဟာ လိုင်လင်းပီမြို့ အောက်လာအိုကျေးရွာကနေပြီးတော့ CDF-Mara စခန်းနဲ့ ၁ မိုင်ခန့်အကွာရှိတဲ့ အထက်လာအိုကျေးရွာအထိ ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။

“အချင်းချင်းကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် စစ်ရေးပွတ်တိုက်မှု မဖြစ်ပွားအောင် ထိုးစစ်များ ရပ်တန့်ပြီး ပြန်လည်ဆုတ်ခွာပေးပါရန်” CDF-Mara က တောင်းဆိုထားပါတယ်။

လက်ရှိတွင် ချင်းပြည်အတွင်း ကြုံတွေ့နေရတဲ့ အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပြဿနာများ ပြေလည်ဖို့အတွက် မီဇိုးရာမ်ပြည်နယ် ဝန်ကြီးချုပ်က လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

စစ်ကောင်စီရဲ့ လေကြာင့်တိုက်ခိုက်မှုကြောင့် ဇိုင်ချောင်းရွာ ဆရာတော်ကြီး ဒဏ်ရာရ

Rakhita Times

မူးယစ်ဆေးဝါးရောင်းချတဲ့ အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲဝင် ၇ ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးကိုဖမ်းဆီး

Rakhita Times

မင်းပြားတွင် မိုးကြိုးပစ်ခံရလို့ ၁ ရက်တည်း ၂ ဦး သေဆုံး

Rakhita Times

3,785 comments

Leave a Comment