NewsPolitic

ယိုးငူဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေ စားဝတ်နေရေး အခက်ကြုံနေ

အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အသက် ၇ နှစ်အရွယ်ကနေ အသက် ၆၀ အရွယ်ရှိ ကျား/မ စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ ယိုးငူဖြစ်စဉ်မှာတော့ ကျနော်တို့ အသင်းကတော့ ဖြစ်တာနဲ့ ချက်ချင်း ၁၀ မိနစ်အကွာလောက်မှာ အရေးပေါ်လူနာတွေ ကယ်ထုတ်တာ ရှိတယ်။ နောက်ပြီးတော့မှ အရေးပေါ်လူနာတွေရဲ့ လိုအပ်ချက်ပေါ့။ သွေးလိုတဲ့လူတွေကို သွေးအရေးပေါ်ရှာပေးတာတွေ လုပ်ပေးတယ်။ ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ ကားနဲ့ ကျနော်တို့အသင်းကနေပြီး ဒီအဖွဲ့ဝင်တွေနဲ့ ဆေးရုံဆေးခန်းရှိတဲ့ နေရာတွေကို ဆက်တိုက် တဆက်တည်း လုပ်ပေးခဲ့တယ်။ လက်ရှိကတော့ ကျန်တဲ့ ဒဏ်ရာရတဲ့ မိသားစုတွေကတော့ အဓိက စားဝတ်နေရေး ဒီဥစ္စာတော့ အခက်အခဲ ရှိတယ်ဗျ။ ထိခိုက် နစ်နာသွားတဲ့လူတွေအတွက် ရခိုင်မျိးချစ်လူငယ်အသင်းကတော့ တတ်နိုင်သလောက် ထောက်ပံ့ ကူညီသွားဖို့ ကြိုးစားပြီး လုပ်နေတာ ရှိတယ်ဗျ”  လို့ အဆိုပါ ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူကအာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် ယိုးငူရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆ နှစ် အရွယ် ကနေ အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ ကျား/မ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ကနဦး ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သေဆုံးသူ ၁၈ ဦးအထိ ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

Related posts

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

Rakhita Times

စစ်ကောင်စီရဲ့ လေကြာင့်တိုက်ခိုက်မှုကြောင့် ဇိုင်ချောင်းရွာ ဆရာတော်ကြီး ဒဏ်ရာရ

Rakhita Times

ဘူးသီးတောင်မှာ သုံ့ပန်း ၃၀၀ ကျော် AA လွှတ်ပေး

Rakhita Times

Leave a Comment