BusinessNewsPolitic

စစ်တွေဒေသခံများ စစ်ဖြစ်ဖို့ထက် ထမင်းငတ်မှာကို ကြောက်နေ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁ ဇူလိုင် ၂၀၂၅)

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ရဲ့ ရက္ခိုင်ပြည်က တစ်ကျော့ပြန်တိုက်ပွဲဟာ ၂ နှစ်နီးပါး ရှိတော့မှာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ကျန်တဲ့ မြို့နယ် ၃ ခုထဲက စစ်တွေ ဒေသခံတွေဟာ စစ်ပွဲထက် ထမင်းငတ်ဖို့ကို ကြောက်နေကြတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီဟာလည်း ဖြတ်လေးဖြတ် ပြုလုပ်ထားသလို အာရက္ခတပ်တော်ကလည်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ပြည်သူတွေ ဒေသတွင်းက မထွက်ဖို့ သတိပေးထားပါတယ်။

ဒါကြောင့် ဒေသတွင်း ကျန်ရှိနေခဲ့သူတွေအတွက် အလုပ်အကိုင်တွေ မရှိသလောက် ရှားပါးတာကြောင့် နေ့စဉ် ထမင်းနပ်မှန်အောင် မစားရတဲ့သူ များတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်ဖြစ်ဖို့ဆိုတာကို မကြောက်ဘဲ ထမင်းငတ်ဖို့ဆိုတာကိုပဲ ကြောက်နေကြတယ်။ အားလုံးမိဘတိုင်း သားသမီးငတ်ဖို့ကို။ စစ်ဖြစ်မယ်ဆိုရင်လည်း ဖြစ်လိုက်ကြ။ ဒီလူတွေ ငတ်တဲ့ဘဝက လွတ်တယ်ဆိုပြီး မြင်တယ်။ ဆုတောင်းနေကြတယ်။ သေရင်လည်း အေးတယ်။ သေရင်လည်း သေပါစေပေါ့။ မိသားစုတွေ ငတ်မွတ်ခေါင်းပါးနေတာတွေကို မခံစားနိုင်။ လူတွေက ဘာလဲဆို စစ်ဖြစ်မလား ဖြစ်လိုက်ကြ။ အထက်ကနေ လေယာဉ်နဲ့ ကြဲမလား ကြဲပစ်လိုက် ဆုတောင်းကြတယ်။ သေသွားရင် အေးချမ်းတယ်လေ။ ဆန်ရှိရင် ထင်းမရှိ၊ ထင်းရှိပြန်ရင်လည်း စျေးဝယ်စားဖို့ ပိုက်ဆံမရှိ။ ထမင်းတစ်ခုတည်း စားရတယ်။ မုန့်တီနဲ့ ဟင်းရည်နဲ့ ၅၀၀ ဖိုး ၁၀၀၀ ဖိုးဝယ်ပြီး အဲဒါနဲ့ မိသားစုမျှပြီး စားကြတယ်” လို့ သူက ပြောပါတယ်။

အလုပ်အကိုင်မရှိတဲ့အတွက် တောထဲမှာ စားစရာတွေကို သွားရောက်ရှာဖွေကြပြီး ပြန်လည်ရောင်းချကာ ရတဲ့ငွေတွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းကြရကြောင်း သိရပါတယ်။

ဒါ့အပြင် ဆန်တွေကို လှူဒါန်းတဲ့သူတွေ ရှိတဲ့အခါ သွားတန်းစီကြပြီး စားသောက်ကြသလို အလှူရှင်တွေမရှိ၊ ဝင်ငွေလည်းမရှိတဲ့အခါတွေမှာတော့ အငတ်ခံကြရကြောင်းလည်း သိရပါတယ်။

“အလုပ်အကိုင်ကတော့ ရှားပါးတာပေါ့။ အလုပ်အကိုင် လုံးဝမရှိ။ တောင်းစားတဲ့သူက များတယ်။ နေ့လည်ဆိုရင်လည်း သူခိုးတွေက မြို့ကိုပတ်ပြီး သွားနေတယ်။ အဲဒါတွေကို ရဲတွေက အရေးမယူ။ ရဲတွေက တခြားလူတွေကြရင် ဖမ်းတယ်။ အဲဒီသူခိုးတွေကြ မဖမ်း။ သူခိုးတွေက တစ်နေ့လုံးပတ်လို့ သွားနေတယ်။ ရဲပဲ သူခိုးလားတော့ မသိဘူး။ သူခိုးကတော့ ပေါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလို့လို့ပဲ ယူဆတာပေါ့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ကုန်ဈေးနှုန်းတွေဟာ သင်္ဘောဆိုက်ကပ်တဲ့အချိန်ဆိုရင် ဈေးကျတတ်ပြီး သင်္ဘောထွက်ခွာသွားတဲ့အခါတွေမှာ ဈေးအဆမတန် မြင့်တက်သွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီး စစ်ကောင်စီဘက်ကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သိရပါတယ်။

Related posts

မောင်တောမှာ ARSA ထောင်ထားတဲ့ မိုင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ယောက် ဒဏ်ရာရ

Rakhita Times

AA အပါ မြောက်ပိုင်း ၃ ဖွဲ့ ပြန်စဉ်းစားရမယ့် အနေအထားရှိ

Rakhita Times

AA ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စွပ်စွဲချက်ဟာ မရိုးနိုင်တဲ့ ဗျူဟာလို့ ခိုင်သုခ ပြော

Rakhita Times

1 comment

RickFague စက်တင်ဘာ 2, 2026 at 11:08 ညနေ

Closed the laptop and walked away thinking about the post for a good twenty minutes, and a stop at wifiwizard produced similar lingering thoughts, content that survives the closing of the browser tab is content that has actually entered the mind rather than just decorating the screen for the duration of the reading.

Reply

Leave a Comment