ကျောက်ဖြူမြို့နယ်ကိုပါ အကြမ်းဖက်စကမတပ် ဗုံးကြဲ
အာရက္ခတိုင်းမ်စ် (၃၁ အောက်တိုဘာ ၂၀၂၅) ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏကျွန်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် မနေ့ ညနေ ၄ နာရီအချိန်လောက်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က ကျောက်ဖြူမြို့နယ်ကိုပါ ဗုံးကြဲချခဲ့ပါတယ်။စကမတပ်ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို အောပ်တိုဘာ (၃၀) ရက်နေ့၊ ညနေ
