Poem

ပြည်ချိုက်သား အလွမ်း

ဇာတိ ချက်ကြွီ မွီရပ်‌မြီ

တိမ် ဆီ ပျံ ဝဲ မြို့သံ တွဲ

တမ်း တ လွမ်းဆ မိ နဲ့ ဖ

အာရက္ခနိုင်ငံ ထူထောင်ရန်

သားမောင် အိမ်မက် ဆက်၍

မက်မည် မလွမ်းလီကဲ့ အော် အမေ

ဒွါရာ ပျိုဖြူ မောင်ချစ်သူလဲ

မောင်ကြီးလာလမ်း အပြန်လမ်းသို့

မျော်၍ တမ်းတ မနီကဲ့

မောင်ကြီး အသဲ ကျောက်သီးခဲလို

ငါ့တိုင်း ငါ့ပြည် ငါ့မျိုး အတွက်

မောင်ကြီး ရှေ့သို့ ချီနီမည်။

မောင်ကြီး မွီရာ ဤမြို့ရွာအား

မောင်ကြီး ရနံ ဖြင့် လွှမ်းခြုံမည်။

ဒွါရာ၀တီဖွား ပြည်ချစ်သားဟု

နောက်လာမျိုးဆက် စံပြု သင့်အောင်

မောင်ကြီး အမှန် ပေးဆပ်မည်။

မလွမ်းလီကဲ့ အော်အမင်

မလွမ်းလီကဲ့ အော် ချစ်သူ။

ကျော်တင့် (၂၁ ဇန်နဝါရီ ၂၀၂၅)

Related posts

ကဗျာဆရာ မောင်ခိုင်အောင်၏ “ဆိုက်ဘေးရီးယား” ကဗျာကို ရွတ်ဖတ် တင်ဆက်ပီးလိုက်ခြင်း ဖြစ်ပါရေ။

Rakhita Times

1 comment

ManuelHoaks စက်တင်ဘာ 3, 2026 at 1:20 မနက်

Лечение подбирается индивидуально. При зависимости, которая продолжается несколько лет, врач оценивает не только выраженность физической тяги, но и изменения образа жизни. Если алкоголизм формировался 7–10 лет, а наркотическая зависимость сохраняется много лет, программа лечения может включать длительную реабилитацию и регулярные консультации в центре.
Ознакомиться с деталями – наркологическая москва

Reply

Leave a Comment