HealthNewsPolitic

သံတွဲမှာ ဆေးလုံလောက်မှု မရှိလို့ စစ်ရှောင်အချို့ ခက်ခဲနေ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၂ မတ် ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေမှာ အရေးပြားရောဂါ ဖြစ်ပွားနေပြီး ဆေးကုသရန် ဆေးလုံလောက်မှုမရှိလို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အရေပြားရောဂါ ဖြစ်ပွားနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့တွေအနေနဲ့ ဆေးဝါးကူညီထောက်ပံ့ပေးပေမယ့် လုံလောက်မှုမရှိဘူးလို့ သံတွဲမြို့နယ် စစ်ဘေးရှောင်ပြည်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဆေးလည်း လာပေးကြတယ်။ လူများတဲ့အခါကျတော့ ဆေးကတော့ လောက်လောက်ငင မရှိပေါ့။ ကလေးတွေကတော့ အဓိကထားပြီးတော့ လူးပေးရတာပေါ့။ ဝေဒနာကတော့ လူကြီးတွေလည်း ခံစားနေရတာပါပဲ။ နောက်မှာဆိုလို့ရှိရင် ကလေး လသားအရွယ်ကနေပြီး သက်ကြီးရွယ်အိုအထိ ယားနာတွေ မပေါက်တဲ့သူကော မရှိ။ ရွာထဲက စစ်ဘေးရှောင်တွေမှာလည်း ရှိတယ်။ ယားနာတွေပေါက်ကြတယ်။ ဆေးကတော့ ကိုယ့်ဟာကိုယ် ဝယ်မသုံးနိုင်၊ အလုပ်အကိုင် အဆင်မပြေတဲ့ အခါကျတော့ သူတို့လာပေးတဲ့ ဆေးကလည်း လူများတော့ လုံလုံလောက်လောက် မရှိဘူးပေါ့” လို့ သူက ဆိုပါတယ်။

ဆေးလုံလောက်မှု မရှိတဲ့အတွက် ဆေးမကုပဲနေနေရပြီး စားသောက်ရေးအခက်အခဲကို ဦးစားပေး ဖြေရှင်းနေရလို့ ဆေးကို ဝယ်မသုံးနိုင်ဘူးလို့လည်း သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဆေးကတော့ ဝယ်မသုံးနိုင်ပါ။ စားဖို့တောင် အနိုင်နိုင်မှာ။ အဲခါကျတော့ ဆေးကို ဝယ်မသုံးနိုင်။ အဲအတိုင်းပဲ နေနေရတယ်” လို့  စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေကပေးတဲ့ ဆေးဝါးတွေက ကောင်းပေမယ့် ဖြစ်ပွားသူများပြားတာနဲ့ အနာပြန့်ပွားတာ များပြားတာကြောင့် ဆေးဝါးက မလုံလောက်တာလည်း ဖြစ်ပါတယ်။

“ဆေးကကောင်းပြီးတော့ အနာများတဲ့အခါကျတော့ ဆေးက မလောက်နိုင်ပေါ့။ လူကလည်းများ၊ အနာကလည်း များတဲ့အခါကျတော့ ဆေးက မလောက်နိုင်ပေါ့။ ကိုယ်ဖာသာကိုယ် ဝယ်သုံးဖို့ဆိုလည်း အဲလိုပဲ ပိုက်ဆံမရှိတော့ ဝယ်မသုံးနိုင်။ အဲဒါမျိုးတွေတော့ အခက်အခဲရှိတယ်ပေါ့” လို့ သံတွဲမြို့နယ် စစ်ဘေးရှောင်ပြည်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ဂွမြို့နယ်အတွင်းမှာလည်း အရေပြားရောဂါ ဖြစ်ပွားမှုနှုန်းဟာ နှစ်ဆန်းပိုင်းကနေစပြီး ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် လူဦးရေ ၂,၀၀၀ ကျော်လောက်မှာ အရေပြားရောဂါ ကူးစက်ခံနေရလို့လည်း သိရပါတယ်။

ရက္ခိုင်ပြည် ဂွမြို့နယ်တွင် အရေးပြားရောဂါ ဖြစ်ပွားနေသူဟာ စစ်ဘေးရှောင်ပြည်သူထဲက ၆၀ ရာခိုင်နှုန်းလောက် ဖြစ်ပွားနေပြီး သံတွဲမြို့နယ်တွင် ၃၀ ရာခိုင်နှုန်းခန့် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Related posts

ငလုံးစုရွာ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနှစ်ဦး နဲ့ အသက်မပြည့်သူတဦးပါဝင်

Rakhita Times

မြောက်ဦး ဆေးရုံကို စကမ ဗုံးကြဲတဲ့အပေါ် ရှုတ်ချကြောင်း အရွယ်စုံ Arakan Ladies ထုတ်ပြန်

Rakhita Times

ရက္ခိုင်မှာ မူဆလင်အတွက် နယ်မြေတောင်းဆိုမှု တရုတ်ရဲ့ သဘောထားဘယ်လိုရှိနိုင်လဲ

Rakhita Times

3 comments

rent yacht montenegro 458 မေ 5, 2026 at 11:49 ညနေ

yacht charter in Montenegro Montenegro yacht rental luxury experience

Reply
uakino 253 မေ 9, 2026 at 2:20 ညနေ

аватар 2 дивитись онлайн везунчики

Reply
DavidCag ဩဂုတ် 19, 2026 at 2:14 မနက်

В нашей клинике пациент может получить помощь на всех этапах лечения алкоголизма: от детоксикации и кодирования до завершающего восстановительного этапа лечения — курса медицинской реабилитации. Такой подход позволяет не ограничиваться временным облегчением после запоя, а сформировать план дальнейшей работы с человеком и его близкими. Медицинский центр неро-мед — это сеть специализированных амбулаторий, проводящих лечение зависимостей и оказывающих психотерапевтическую помощь при различных проблемах.
Ознакомиться с деталями – [url=https://n.narkologicheskaya-klinika-v-kemerovo18.ru/]наркологическая клиника клиника помощь[/url]

Reply

Leave a Comment