NewsPolitic

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၁၃၈ သိန်း ထပ်မံလှူဒါန်း

အာရက္ခတိုင်းမ်စ် (၅ မတ်လ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာက ထိခိုက် သေဆုံးခဲ့သူတွေအတွက် ၁၃၈ သိန်း ထပ်မံလှူဒါန်းခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျား/မ စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူဟာလည်း ၂၇ ဦး ထိရှိပြီး အရေးပေါ်လူနာအဖြစ် ဆေးကုသနေသူ ၈ ဦး ရှိတယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

“ဒုတိယအကြိမ် လှူဖြစ်ခဲ့တာက အလှူရှင်တွေ ထပ်တိုးလှူဒါန်းတာကြောင့်ပါ” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခု လှူဒါန်းမှုမှာ ယိုးငူရွာသားဖြစ်တဲ့ အမေရိကန်နိုင်ငံတွင် နေထိုင်သူ ကိုသိန်းနု နဲ့ ဇနီး မခိုင်မြတ်ဇံ မိသားစုက အလှူငွေ ၆၆ သိန်း လှူဒါန်းခဲ့ပြီး ကျန် အလှူငွေတွေကတော့ ပြည်တွင်းပြည်ပက စေတနာရှင်တွေ စုပေါင်း လှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်။

စာရေးဆရာဝေဟင်အောင်တို့အဖွဲ့ဟာ ပြည်တွင်းပြည်ပက စေတနာရှင်တွေရဲ့ အလှူငွေကို တဆင့် ပြန်လှူဒါန်းတာဖြစ်ပြီး၊ လှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ကျေးဇူးတင်ရှိပါတယ်လို့လည်း သူက ဆိုပါတယ်။

Related posts

ချင်းပြည်တစ်ခွင် စစ်ကောင်စီကင်းစင်ပြီး ပြည်ထောင်စုတဝှမ်း စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

ပွဲစားလိမ်လည်မှုကြောင့် ပတ်စပိုစ့် သိမ်းခံရပြီး ဒုက္ခရောက်နေတဲ့ ခမီအမျိုးသမီးကို KNDA ကူညီ

Rakhita Times

စကမ ဟာ နိုင်ငံတကာရာဇဝတ်မှုကို ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ HDCO ထုတ်ပြန်

Rakhita Times

1 comment

RickFague စက်တင်ဘာ 2, 2026 at 11:13 ညနေ

Honestly slowed down to read this carefully which is not my default, and a look at wifiwizard kept me in that careful reading mode, the kind of writing that demands attention by being worth attention is rare in a media environment full of content engineered to be skimmed not read with any real focus today.

Reply

Leave a Comment