ရက္ခိုင်က ရေသန့်စက်ရုံ ၄၆ ရုံတွင် ၈ ရုံသာ စံချိန်မှီ
အာရက္ခတိုင်းမ်စ် (၃၁ မေ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ရေသန့်ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၄၆ ရုံ ရှိပြီးတော့ ၈ ရုံသာ စံချိန်မှီတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနအနေနဲ့ မေလအတွင်း မြို့နယ် ၉...
