အာရက္ခတိုင်းမ်စ် (၂၇ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် မြေပုံမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များပ တရားမဝင် အရက်၊ ဘီယာများကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီလပ် (DLEPS) အနေနဲ့ ပြည်ပက အရက်၊ ဘီယာ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို လိုက်လံ ရှာဖွေ စစ်ဆေး ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။
ရက္ခိုင်ပြည် မြေပုံမြို့၊ သဲတန်းရပ်ကွက်တွင် ANDAMAN အရှည် ၂၄ ဖာ၊ Grand Sherry Cask ၂၁ ဖာနဲ့ ၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလပ် (DLEPS) က သိမ်းဆည်းရရှိထားတဲ့ ပြင်ပ အရက်၊ ဘီယာတွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းပြီးတော့ တရားမဝင် ရောင်းချနေတဲ့ သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ရက္ခိုင်ပြည်မှာမှာ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ တင်သွင်းထားပြီးဖြစ်တဲ့ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် နဲ့ ယစ်မျိုးကုန်တွေကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကနေ (၃) လအတွင်း ကုန်အောင် အပြီးသတ်ရောင်းချကြဖို့ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က သတိပေး နှိုးဆော်ခဲ့ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက တရားမဝင် ပြင်ပက အရက်၊ ဘီယာတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

1 comment
Здесь доступны как классические игровые автоматы, так и современные видеослоты.
Pinco Casino
Система выплат работает надежно и прозрачно.