NewsPolitic

 ဂွ – ကျောက်ချွန်းကို စစ်ကောင်စီတပ် လေ-ရေကူနဲ့ ထိုးစစ်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘောမိကျေးရွာကို ခြေကုပ်ယူထားတဲ့ တပ်မ (၆၆) ရဲ့ လက်အောက်ခံတပ်များဟာ မကျည်းဇင်ကျေးရွာဘက်ကို ဦးတည်ရွှေ့လျားနေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သာပေါင်း-မကျည်းဇင် လမ်းကြောင်းအတိုင်း အဆိုပါတပ်များ စစ်ကြောင်းထိုးလာလို့ ဘောမိ၊ ဂျိုင်လယ်နဲ့ မကျည်းဇင်ကျေးရွာ ဝန်းကျင်တို့တွင် ထိတွေ့တိုက်ပွဲများမှာ နေ့စဉ်နီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။

ကြည်း၊ ရေ၊ လေ ပူးပေါင်းကမ်းတက်စစ်ဆင်ရေး ပြုလုပ်ခဲ့ဖူးတဲ့ ရွှေသောင်ယံဒေသဘက်တွင်လည်း တပ်မ (၆၆) ရဲ့ နည်းဗျူဟာတပ် တစ်ခု တပ်စွဲထားပြီး စစ်ရေး လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်အတွင်းရှိ ကျောက်ချွန်းကျေးရွာကို ဝင်ရောက်နိုင်ရန်အတွက် လေကြောင်း၊ ရေကြောင်း ပစ်အားများကို အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရက္ခိုင်တောင်ပိုင်းကို ပြန်လည် ရရှိနိုင်ရန်အတွက် ရန်နိုင်အောင် စစ်ဆင်ရေး အမည်နဲ့ စက်တင်ဘာလ ၄ ရက်က စတင်ပြီး အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်း ခုနစ်ကြောင်း၊ အင်အား ၂၀၀၀ ကျော်အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ– AFP) – ပုံဟောင်း

Related posts

ကျောက်ဖြူကို စကမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း မီးလောင်ပျက်စီး

Rakhita Times

ကိုးကန့်လို တရုတ်က AA ကို ဖိအားပေးနိုင်တဲ့ အနေအထား မရှိ

Rakhita Times

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

Rakhita Times

Leave a Comment