NewsPolitic

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၈ ​ဖေ​ဖော်ဝါရီ ၂၀၂၆)

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေပြင်းထန်နေလို့ သိရပါတယ်။

“၂၅ ရက်ကတည်း ဂျက်ဖိုက်တာတွေ အနည်းဆုံး ၃ စင်းလောက်နဲ့လာလာပြီး ဗုံးလာကြဲတယ်။ အခုဆို မြို့ထဲကတောင် ကြားနေရတယ်။ လက်နက်ကြီး ပစ်သံတွေလည်း ကြားနေရတယ်” လို့ ဇလွန်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲပြန်လည် ပြင်းထန်နေတာ အမှန်ပဲ၊ မှော်ဘီလေတပ်ကနေ Y-12 တွေ တောက်လျောက် အဲဒီဖက်ကို သွားနေတာကို တွေ့ရတယ်။ ပြန်ဖြစ်နေတာကတော့ ၂၅ ရက်ကလို့ ပြောရမယ်။ ၂၅၊ ၂၆ ရက်ဆက်ကို အဲဒီဖက်ကို သွားနေတာ” လို့ စစ်ကော်မရှင်ရဲ့ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်မှတ်တမ်းတင်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ဟာ ရေကြည်၊ မြန်အောင်၊ ဇလွန် နဲ့ ဟင်္သာတ စတဲ့ မြို့နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

Rakhita Times

စစ်တွေမှာ ဓာတ်ဆီတွေ ဈေးပြန်တက်

Rakhita Times

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကပစ ၁၆နဲ့ ၃ မိုင်ကွာထိ ရောက်ရှိလာ

Rakhita Times

329 comments

Leave a Comment