NewsPolitic

AA သတင်းပေးဆိုကာ လေးမျက်နှာက တောင်သူ ၅ ဦးကို ရွေးတုအစိုးရ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၆)

အာရက္ခတပ်တော်ကို သတင်းပေးတယ်ဆိုပြီး ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် တောင်သူ ၅ ဦးကို ဇွန် ၁၉ ညနေ ၅ နာရီလောက်မှာ ရွေးတုအစိုးရက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“၁၉ ရက် ညနေကတည်းက ဖမ်းသွားတာ၊ မနေ့က ၂၁ ရက်နေအထိတော့ အဆက်အသွယ် မရသေးဘူး။ ဘယ်ကို ဖမ်းခေါ်သွားလဲတောင် မသိရသေးဘူး။ မိသားစုဝင်တွေလည်း စိတ်တော်တော်ပူနေကြတယ်” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရက အာရက္ခတပ်တော် သတင်းပေးဆိုကာ ဖမ်းဆီးခံလိုက်သူမှာ လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု အောင်ဇံကွင်းနဲ့ ဇီးပင်ကြီးရွာက ဒေသခံတောင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ဖမ်းခံရတာက ယောင်္ကျားလေး ၄ ယောက်နဲ့ မိန်းကလေး ၁ ယောက်ပါ။ မင်းတို့က AA သတင်းပေးတွေမလားဆိုပြီး ဖမ်းခေါ်သွားတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းယူထားပြီး ရွေးတုအစိုးရတပ်က တန်ပြန် စစ်ကြောင်းတွေထိုးလာလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

ကပစ ၁၆ နီးရှိ ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်

Rakhita Times

မိုးတွင်းကာလ သင်္ဘောမရောက်မှာကို စစ်တွေဒေသခံတို့ စိုးရိမ်

Rakhita Times

ငါးခိုးဖမ်းသမား၂၄ ဦးကို BGB ထံ AA လွှဲပြောင်းပေး

Rakhita Times

3 comments

FrankThero စက်တင်ဘာ 5, 2026 at 5:46 ညနေ

Гарантия анонимности
Дополнительная информация – лазерное кодирование

Reply
Vernonzer စက်တင်ဘာ 7, 2026 at 1:04 မနက်

В Красноярске помощь можно получить на дому или в стационаре наркологической клиники. Нарколог учитывает возраст пациента, длительность запоя, количество спиртного, хронические заболевания, предыдущий опыт лечения и препараты, которые человек принимал самостоятельно. Такой подход позволяет подобрать необходимое лечение и определить, безопасен ли вывод из запоя на дому. Если состояние тяжелое, врач рекомендует госпитализацию и более продолжительное наблюдение в клинике.
Подробнее – вывод из запоя с выездом в Красноярске

Reply
Ernestdeern စက်တင်ဘာ 11, 2026 at 10:48 ညနေ

Наркологическая помощь оказывается в клинике, стационаре и при подходящей ситуации на дому. Нарколог анализирует общее самочувствие, противопоказания и готовность отказаться от спиртного. При выраженной интоксикации или абстиненции первым шагом становится лечение запоя. Когда острые симптомы сняты, врач подбирает метод кодирования, препарат и дальнейшую программу лечения зависимости. Такой порядок позволяет сделать кодирование безопаснее и использовать современные методики по клиническим показаниям.
Получить больше информации – kodirovanie-ot-alkogolizma-vyezd-na-dom

Reply

Leave a Comment