NewsPolitic

စစ်တပ်လာစစ်မှာကြောက်လို့ စစ်တွေမှာ အသုဘတွေကို နေ့ခြင်းသင်္ဂြိလ်နေ

အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့ လူတွေသေဆုံးကြတဲ့အခါ နာရေးအဖြစ် အလောင်းကို ရက်ပိုင်းလောက် အိမ်မှာထားတတ်ကြလေ့ရှိပေမယ့် အခုအခါမှာတော့ စစ်တပ်ရဲ့ရန်ကိုကြောက်တဲ့အတွက် မထားကြတော့ဘူးလို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရပ်ကွက်မှာ တခါတလေ နာရေးဖြစ်လို့ အခုက နာရေးဆိုရင် ည တညထားတဲ့ နာရေးက သိပ်မရှိတော့ဘူး။ အချိန်မမီမှ နာရေးကို ညထားတာပါ။ ည မထားတာက လူစုလူဝေးနဲ့ ရှိနေဖို့ကို စစ်တပ်က လာစစ်မှာကို ကြောက်လို့၊ အဖမ်းခံရမှာကို ကြောက်လို့ ည မထားတာပါ။ အချိန်မမီဆိုရင်တော့ ညသိပ်ပြီးမှ နောက်တရက်နေ့မှ သဂြိုလ်ပါတယ်လေ။ ဒီမှာက မီးလည်းမရတဲ့အခါ အသုဘ ချတယ်ဆိုတာက ရေခဲအခေါင်းနဲ့ ထားရတာလေ။ ရေခဲမရရင် မီးစက်ဖိုး မတတ်နိုင်၊ ဆီဖိုး မတတ်နိုင်လို့ အကြာကြီး မထားတာလည်း ရှိပါတယ်။ လူစုလူဝေး မလုပ်ရ၊ လူစုလူဝေး မလုပ်ဝံ့လို့” လို့ သူက ပြောပါတယ်။

လက်ရှိအခြေအနေအရ စစ်တွေမြို့မှာ ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ရှိနေဆဲဖြစ်သလို လုံခြုံရေးအရလည်း အထူးတင်းကျပ်ထားဆဲ ဖြစ်ပါတယ်။

ည ၉ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပြီး စစ်ရေးအခြေအနေပေါ် မူတည်ပြီး ဒေသန္တရအာဏာပိုင်တွေက အချိန်မရွေး ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။

အသုဘကိစ္စမျိုးတွေအတွက် ညဘက် သွားလာဖို့ လိုအပ်လာရင်တောင် ဒီအမိန့်ကြောင့် အခက်အခဲရှိနိုင်ပြီး ဒေသခံ အုပ်ချုပ်ရေးပိုင်းကို ကြိုတင်အကြောင်းကြားတာ ဒါမှမဟုတ် လူစုလူဝေး မလုပ်ဘဲ နေအိမ်မှာပဲ တိတ်တိတ်ဆိတ်ဆိတ်နေကြရတဲ့ အခြေအနေမျိုး ရှိကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်ခန့် ပြည်နယ်အစိုးရတို့ဟာ စစ်တွေမြို့ လမ်းမထက်တွေနဲ့ ရပ်ကွက်လမ်းကြားတွေမှာ လုံခြုံရေးစောင့်ကြည့်ကင်မရာ CCTV တွေကို ဆိုလာစနစ်နဲ့ တပ်ဆင်နေတယ်လို့ သိရပါတယ်။

Related posts

ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်

Rakhita Times

ရက္ခိုင်ကမ်းရိုးတန်းတလျောက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း အန္တရာယ် မြင့်မားနေ

Rakhita Times

အဥ္ဇနပူရမြို့က ကမ်းပါးပြိုလို့ နေအိမ်ပျက်စီးသွာတဲ့ အိမ် ၃၈ အိမ် အတွက် ULA/AA ငွေကျပ် ၈ သိန်းစီ ထောက်ပံ့

Rakhita Times

754 comments

Leave a Comment