BusinessNewsPolitic

တောင်ကုတ်တွင် ရွှေထည်ခိုးယူသူတဦးကို ဒီလပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၇ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ရွှေထည်ပစ္စည်းခိုးယူနေသူတဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက မတ်လ ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရွှေထည်ပစ္စည်း ခိုးယူမှုနဲ့ ဖမ်းဆီးခံရသူမှာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် တန်းလွဲရွာမ အမှတ် ၁ ရပ်ကွက်နေ အသက် ၂၀ အရွယ် မိပြုံးချို ဖြစ်တယ်လို့ သိရပါတယ်။

ရွှေထည်ခိုးယူမှု ဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ တွင် တောင်ကုတ်မြို့နယ် တန်းလွဲရွာမနေ အသက် ၃၃ နှစ်အရွယ် မလှလှအေးဟာ သားဖြစ်သူ မောင်အေးမင်းစိုးကို နေအိမ်တွင်ထားခဲ့ပြီး ရပ်ကွက်အတွင်းရှိ ရှင်ပြုအလှူတွင် ကူညီလုပ်ကိုင်ပေးရန် သွားခဲ့စဉ် ဖြစ်ခဲ့တာလို့ သိရပါတယ်။

မလှလှအေးဟာ အိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် နေအိမ် အိပ်ခန်းထဲရှိ သံသေတ္တာထဲက ကာလတန်ဖိုး သိန်း ၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုး ၂ ကုံး နဲ့ ရွှေလက်ကောက် ၃ ကွင်း ပျောက်ဆုံးကြောင်း သိရှိရလို့ မတ်လ ၁၁ ရက်တွင် တောင်ကုတ်မြို့မ ဒီလပ်ဌာနကို လာရောက်တိုင်ကြားခဲ့ပြီး ဒီလပ်ဌာနအနေနဲ့ (ပ)၂၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခိုးမှုနဲ့ပတ်သက်ပြီး ဒီလပ်ဌာနက စုံစမ်းစစ်ဆေးပြီး သံသယတရားခံဖြစ်သူ မိပြုံးချိုက “ သူဟာ မလှလှအေး အိမ်ကို ရောက်ရှိခဲ့ကြောင်း၊ သားဖြစ်သူ အေးမင်းစိုးကို မုန့်တီခေါ်ကျွေးပြီး အိပ်ခန်းထဲက သံသေတ္တာထဲ ရွှေထည်းတွေကို ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့တယ်” လို့ အာရက္ခမှုခင်းနဲ့ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ဧပြီလ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလပ်ဌာနအနေနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ ရက္ခိုင်ပြည်တွင် ခိုးမှုပေါင်း ၇၀ ကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

နတ်ရေကန်ထဲ ပိတ်မိနေတဲ့ စကမတွေ လုံးပါးပါးနေပြီလို့ ပြော

Rakhita Times

တရုတ်နဲ့ AA တို့ ဒီဇင်ဘာလဆန်းက တွေ့ဆုံခဲ့သော်လည်း မြို့တွေ ဆက်သိမ်းနေ

Rakhita Times

ကျောက်တော် ဗုံးကြဲမှု ဖြစ်စဉ်ကို ဘယ်လို တုန့်ပြန်သင့်သလဲ

Rakhita Times

8 comments

dreevoo.com ဧပြီ 13, 2026 at 4:56 ညနေ Reply
https://hackmd.okfn.de/s/ryODllRkze မေ 22, 2026 at 11:37 ညနေ

References:

La riviera casino

References:
https://hackmd.okfn.de/s/ryODllRkze

Reply
https://graph.org/ မေ 23, 2026 at 3:28 မနက် Reply
https://www.youtube.com မေ 23, 2026 at 8:52 မနက် Reply
https://linkagogo.trade မေ 23, 2026 at 5:38 ညနေ Reply
https://www.hulkshare.com/ မေ 23, 2026 at 10:12 ညနေ

References:

Online casino belgie https://www.hulkshare.com/menclam57/

Reply

Leave a Comment