NewsPolitic

ခံစစ်ပြင်ဆင်နေတဲ့ စစ်တွေမှာ AA နဲ့ SAF အလင်းဝင်တယ်လို့ ရွေးတုအစိုးရ ဝါဒဖြန့်

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ AA နဲ့ SAF အလင်းဝင်တယ်လို့ ရွေးတုအစိုးရက ဝါဒဖြန့်ပွဲကို ဒီကနေ့ (၈ ဇွန်) မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ သူတို့က ပွဲလုပ်တာပေါ့။ တပ်တော်က ၅ ယောက်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ၁ ယောက် အလင်းဝင်လို့ မိဘတွေဆီ ပြန်အပ်နှံတယ်ဆိုပြီးလေ ဘယ်သူက ယုံမှာလဲ၊ သူတို့တောင် ခြံထဲ ပိတ်ခံထားရတဲ့ ကြက်မတွေလို အခြေအနေမှာ ဘယ်သူမှာ ခြံပိတ်ထားတဲ့ ကြက်ခြံထဲကို ဝင်လာမှာမဟုတ်ဘူး။ သွားတဲ့သွား ပိတ်ခံထားရတဲ့သူကပဲ လွတ်မြောက်ရာကို သွားချင်မှာပေါ့” လို့ စစ်တွေမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို‌ ပြောပါတယ်။

ရွေးတုအစိုးရက အာရက္ခတပ်တော်ထံကနေ အလင်းဝင်လာသူများဟာ ရက္ခိုင်ပြည် မင်းပြားမြို့နယ်က ၁ ဦး၊ ပေါက်တောမြို့နယ်က ၁ ဦး၊ ပုဏ္ဏားကျွန်းက ၂ ဦး၊ အမ်းမြို့နယ်က ၁ ဦးနဲ့ ကျောင်းသားလက်ရုံးတပ်တော်ထံကနေ အလင်းဝင်လာသူကတော့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က ၁ ဦး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ ဝါဒဖြန့်ချီပွဲကို ရွေးတုအစိုးရရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ဦးနိုင်ဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇော၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေတို့ တက်ရောက်ပြီး ဝါဒဖြန့်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကံ့ကော်ကျွန်း၊ ဝါဘို၊ တော်ကန် စတဲ့နေရာတွေမှာလည်း မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ကံ့ကော်ကျွန်းစခန်းဟာဆိုရင် ဒကစ ဌာနချုပ်နဲ့ ၂ မိုင်ခန့်သာ ကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်းနဲ့ မိုင်ဝက်လောက်သာ ကွားဝေးတော့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရကလည်း စစ်တွေမြို့ လက်မလွှတ်ရရေးအတွက် စစ်မှုထမ်းဆင်းစစ်သား အင်အားအများအပြားနဲ့ ရာထူးတဆင့်တိုးပေးထားတဲ့ သန္ဓေစစ်သားတွေကို စစ်သင်္ဘာနဲ့ လာရောက် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင် တောင်းဆိုတာကို စစ်တပ်က လက်ခံနိုင်မှာမဟုတ်

Rakhita Times

စစ်တွေပြည်သူတွေကို ဒေါ်စောမြရာဇာလင်း ငွေးကြေးလှူဒါန်း

Rakhita Times

စစ်တွေမှာ ကုန်တင် သင်္ဘော ၃ စီးတောင် ရောက်နေ

Rakhita Times

Leave a Comment