EnvironmentNewsPolitic

သမိုင်းဝင် ရှေးဟောင်းနယ်မြေကို Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးပြုလုပ်နေ

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြေက်ဦးမြို့နယ်က သမိုင်းဝင် ရှေးဟောင်းနယ်မြေတွေကို Clean Arakkha စီမံကိန်းနဲ့ သြဂုတ်လ ၃၀ ရက်ကစတင်ပြီး သန့်ရှင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ Clean Arakkha စီမံကိန်းအနေနဲ့ ‌သမိုင်းဝင် နေရာတွေဖြစ်တဲ့ ရှေးဟောင်းပုထိုးတော်ကြီးနဲ့ ထုက္ကန်သိမ် ပုထိုးတော်ကြီးတို့မှာ စပြီးတော့ သန့်ရှင်းရေး လုပ်ကြတယ်။ ဌာနဆိုင်ရာတွေရော ဒေသခံတွေပါ ပူးပေါင်းပြီး လုပ်တာပါ” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုးဦးကာလတွင် Green Arakkha စီမံကိန်းနဲ့ သစ်ပင်တွေ စိုက်ပျိုးနေပြီး ယခုအခါ Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးစီမံကိန်းတွေ ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။

“အခုလို လုပ်တာက ကောင်းပါတယ်။ ဒါပေမယ့် အမှိုက်တွေကို စည်းကမ်းမဲ့ ပစ်နေတာကို ပိုပြီး လုပ်ပေးစေချင်တယ်။ ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ် အမှိုက်ကို စည်းကမ်းနဲ့ မပစ်နဲ့ ဘာလည်း ထူးနေမှာ မဟုတ်ဘူး။ ဒေသန္တရ အမိန့်တွေကို စာရွက်ပေါ်မှာ ရေးသားတာမျိုးမဟုတ်ဘဲ လက်တွေ့ တိတိကျကျ အရေးယူဆောင်ရွက်စေချင်တယ်။ အမိန့်စာ ကပ်သူတွေကိုယ်တိုင် အမှိုက်ကို စနစ်တကျ ပစ်စေချင်တယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Clean Arakkha စီမံကိန်းကို ရက္ခိုင်ပြည် အနှံ့တွင်လည်း ဆက်လက် လုပ်ဆောင်သွားရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo-ONN

Related posts

ရက္ခိုင်မှာ ဗုံးကြဲမှုတွေကြောင့် စစ်တွေမှာ ကုန်ဈေးတွေ မြင့်တက်

Rakhita Times

သစ်ပုတ်တောင်တန်းကို စစ်ကောင်စီက ဗုံး ၂ လုံး လာကြဲ တိုက်ခိုက်

Rakhita Times

ရက္ခိုင်တွင် စစ်ရှုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ၃ ဦးကို စကမ သေဒဏ်ပေး

Rakhita Times

Leave a Comment