NewsPolitic

AA လှုပ်ရှားနေတယ်ဆိုပြီး ငေါတောင်ကို ရွေးတုတပ် ဗုံးကြဲဖျက်ဆီး

အာရက္ခတိုင်းမ်စ် (၁၅ စက်တင်ဘာ ၂၀၂၆)

ဧရာဝတီတိုင်း သားပေါင်းမြို့နယ်မှာရှိတဲ့ ငေါတောင်ကို ရွေးတုအစိုးရက အာရက္ခတပ်တော် တပ်ဖြန့်လှုပ်ရှားနေတယ်ဆိုပြီး လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ငေါတောင် တဝိုက်မှာတော့ အာရက္ခနဲ့ ပူးပေါင်းတပ်တွေ တပ်ဖြန့်နေတယ်ဆိုတဲ့ ယူဆချက်နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သာသနိက အဆောက်အဦးတွေနဲ့ သိုက်နန်းဆောင် အားလုံးနီးပါး ပျက်စီးခဲ့ရပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

ရွေးတုအစိုးရတပ် စစ်ကြောင်းဟာ ငေါတောင်နေရာတကြောမှာ တပ်ဖြန့် နေရာယူထားပေမယ့် တောင်ပေါ်တက်ပြီး ခြေကုတ် နေရာ မယူရဲသေးဘူးလို့လည်း သိရပါတယ်။

အဆိုပါ ငေါတောင်တွင် မောင်တောင် နဲ့ နှမတောင်ဆိုပြီး တောင် နှစ်လုံးရှိပြီးတော့ မောင်တောင်ရဲ့ အောက်ဘက်တွင် သဘာဝလိုဏ်ဂူတစ်ခုရှိပြီး နှမတောင်ရဲ့ အောက်မှာတော့ ချောက်ကမ်းပါးတစ်ခု ရှိပြီး အဲဒီကနေဆင်းသွားရင် ရက္ခိုင်ရိုးမအစပ် ရောက်ရှိတာလည်း ဖြစ်ပါတယ်။

ရွေးတုအစိုးရတပ်ဟာ စက်တင်ဘာလ ၄ ရက်က စတင်ပြီးတော့ အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုးစစ်ဆင်နေပေမယ့် ယခုအခါမှာတော့ စစ်ကြောင်းတချို့ဟာ ကျဆုံးမှုများတဲ့အတွက် နောက်ကြောင်း ပြန်လှည့်သွားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – ပုံဟောင်း

Related posts

စစ်တွေမှာ အယောင်ဆောင် အရပ်သားအစိုးရလက်ထက် ပြောင်းလဲမှု ဘာမှမရှိ

Rakhita Times

ပေါက်တောဒေသခံ အမျိုးသမီး ၁ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရ

Rakhita Times

ယာဉ်စည်းကမ်းချိုးဖောက်သူများကို အာရက္ခအစိုးရ အရေးယူ

Rakhita Times

Leave a Comment