NewsPolitic

အဆိုတော် မိုင်းမိုင်ဆိုင်း ရက္ခိုင်ရေဘေးအတွက် သိန်း ၂၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆)

ကချင်တိုင်းရင်းသူ အဆိုတော် မိုင်းမိုင်ဆိုင်းဟာ ရက္ခိုင်ရေဘေးအတွက် စာရေးဆရာ ဝေဟင်အောင်ကတဆင့် ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ရက္ခိုင်မောင်နှမတွေ အမြန်ဆုံး ကျော်ဖြတ်နိုင်ကြပါစေ ဆုတောင်းနဲ့အတူ “အဆိုတော် မိုင်းမိုင်ဆိုင်း” က ရေဘေးအတွက် အလှူငွေ သိန်း – ၂၀ ကို လှူဒါန်းပေးထားပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

မိုင်းမိုင်ဆိုင်း (Mai Mai Seng) ဟာ Rock အဆိုတော် အမျိုးသမီးတစ်ဦး ဖြစ်ပြီး Myanmar Idol သီချင်းဆိုပြိုင်ပွဲကတဆင့် အနုပညာလောကကို စတင် ဝင်ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။

ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် အဖြစ် ၂၀၁၉ ခုနှစ် မေလတွင် သူမရဲ့ ပထမဆုံး Rock တေးစီးရီးဖြစ်တဲ့ “ခေတ်သစ်နီတိ” Album ကို ထွက်ရှိခဲ့ပါတယ်။

စောမဲကျီဖောင်ဒေးရှင်းကလည်း ရက္ခိုင်ပြည်က ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် HDCO ကတဆင့် သိန်း ၁၀၀၀ ကျပ်ကို ဇူလိုင်လ ၁၀ ရက်တွင် လှူဒါန်းခဲ့ပါတယ်။

Related posts

ကုလားတန်မြစ်အတွင်း ရေဆင်းကူးတဲ့ ကလေးနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းသာ တွေ့ရှိသေး

Rakhita Times

ငြိမ်းချမ်းအောင်ဆောင်ရွက်နိုင်ဖို့အတွက် အားသွန်ခွန်စိုက်ဆွေးနွေးဖို့ ရောကနေတာလို့ ဒေါ်စောမြရာဇာလင်းပြော

Rakhita Times

တောင်ကုတ် ကင်းတောင်ရွာကို စစ်ကောင်စီမှ ထပ်မံ ဗုံးလာကျဲသဖြင့် ၁ ဦး ထပ်မံ သေဆုံး၊ ၄ ဦး ဒဏ်ရာရ

Rakhita Times

2 comments

Leave a Comment