NewsPolitic

ကျောက်ဖြူနဲ့ အမ်းမြို့နယ်ကြားရှိ ထိန်းသိမ်းထားတဲ့ ဒီရေတောများ စီးပွားဖြစ် ခုတ်ယူ ရောင်းစားခံနေရ

အာရက္ခတိုင်းမ်စ် (၁၃ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်နဲ့ အမ်းမြို့နယ်အကြားရှိ အရေးပါတဲ့ ဒီရေတောများမှာ စီးပွားဖြစ် ခိုးထုတ် ရောင်းချခြင်းခံနေရပြီး သစ်တောများ ပြုန်းတီးမယ့် အရေးနဲ့ ကြုံတွေ့နေရတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောထိန်းသိမ်းသူတွေက ပြောပါတယ်။

အဆိုပါ ဒီရေတော ဒေသများအတွင်း ဒေသခံတစ်ဦး (ဦးညီချေ ဆိုသူ) က ဦးဆောင်တာဖြစ်တယ်လို့ ဒေသခံတွေက စွပ်စွဲပြီး အရွယ်ရောက်ပြီးသား အပင်များသာမက အရွယ်မရောက်သေးတဲ့ အပင်ငယ်များကိုပါ ခုတ်လှဲပြီး ဘုတ်၊ စက်လှေတွေနဲ့ အခြားမြို့တွေကို တင်ဆောင် ရောင်းချနေတာလို့ သိရပါတယ်။

သစ်ခိုးထုတ်နေမှုများနဲ့ပတ်သက်ပြီး သစ်တောတိုက်နယ်မှူးနဲ့ တာဝန်ရှိသူတွေထံ အထောက်အထားများနဲ့တကွ အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုင်ကြားမှုများ ရှိသော်လည်း သက်ဆိုင်ရာ ပါတီတိုက်နယ်ရုံးကို လက်ဆောင်ပစ္စည်းများပေးပြီး ရှောင်လွှဲနေတယ်လို့လည်း ဒေသခံတွေကို စွပ်စွဲ ပြောဆိုကြပါတယ်။

လက်ရှိတွင် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်များအကြား တည်ရှိပြီး ကျယ်ဝန်းတဲ့ အဆိုပါ ဒီရေတောကြီးများ မပျက်စီးသွားစေရန် အမြန်ဆုံး တားဆီး အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အိမ်သုံးသစ်ခုတ်ရာတွင် လိုက်နာရန် အချက် ၇ ချက်ကို  ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ထုတ်ယူပါက သစ်များအားလုံးကို သိမ်းဆည်းပြီး အိမ်သုံးသစ်ထုတ်ယူခွင့် (၁)နှစ် ထပ်မံ ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ရောင်းစားရန် ခုတ်ထားတဲ့ သစ်များ

Related posts

စစ်ပွဲကြားက ပေါင်းကူးပေးနေသော လူသားများ

Rakhita Times

ရန်ကုန်တွင် သံတွဲသား ၁ ဦး ဓါးထိုးသတ်ခံရ

Rakhita Times

KNDF ကို ညီနောင်မဟာမိတ် ဂုဏ်ပြု

Rakhita Times

Leave a Comment