NewsPolitic

သံတွဲသား နိုင်ငံရေးအကျဉ်းသားဟောင်း ဖိုးကြက်တောင် ကွယ်လွန်

အာရက္ခတိုင်မ်စ် (၂၀ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့က ၁၉၈၈ ကျောင်းသားဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မိုဟာမက်နူးအစ္စလာမ် (ခ) ဦးထွန်းထွန်းဦး (ခ) ဖိုးကြက်တောင်ဟာ အသက် ၅၉ နှစ်အရွယ်မှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ကွယ်လွန်သွားတဲ့ ဖိုးကြက်တောင်ရဲ့ နာရေးအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အစ္စလာမ်သုသာန်မှာ အစ္စလာမ်ဘာသာ ထုံးတမ်းအတိုင်း မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြပါတယ်။

အဲဒီနာရေးကို မွတ်စလင်လူမှုအဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေးမိသားစုတွေအပြင် မဲဆောက်ရောက် ရက္ခိုင်တွေနဲ့ သူ့ရဲ့ ကြက်တောင်သင်တန်းသူ/သားတွေ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပထမဆုံးဥက္ကဋ္ဌ ဦးထွန်းစိန်ရဲ့ တူဖြစ်သူ ဖိုးကြက်တောင်က ၁၉၈၈ အရေးတော်ပုံကာလမှာ သံတွဲမြို့နယ် သပိတ်ကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည် ကြက်တောင်လက်ရွေးစင်တစ်ဦးလည်း ဖြစ်တဲ့ သူက သံတွဲမြို့နဲ့ မဲဆောက်မြို့တို့မှာ လူငယ်တွေနဲ့ ကလေးငယ်တွေကို ကြက်တောင်ပညာ သင်ကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းနဲ့ ရိုးမတောင်ခြေတွေမှာ ရေကြီးမြေပြိုမှုတွေအတွက် အရေးပေါ် အဆင့်သင့် ပြင်ထားရန်လို

Rakhita Times

စစ်ကော်မရှင်က ရက္ခိုင်မှာ စစ်ရေးစီမံချက် ရှိဦးမယ့်ပုံ မပေါ်သေး

Rakhita Times

မြောက်ဦးက စစ်ဘေးရှောင် ၃၀၀ ကျော်ကို ULA စားနပ်ရိက္ခာ ထောက်ပံ့

Rakhita Times

Leave a Comment