ArticelsLife StylePolitic

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

ရက္ခိုင် ရမ်ဘို

(အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ – ၆ )

****

(ဌေးဝင်း)

ညနေ လေးနာရီလောက်မှာ ငါ့ကို လာခေါ်သွားပြန်တယ်။ ပြီးတော့ မနေ့ကအတိုင်း လက်နှစ်ဘက်ကို ကြိုးတုပ်ပြီး ထုပ်မှာ တွဲလောင်းချည်ထားတယ်။ ဒီနေ့မှာတော့ ငါကလည်း သူတို့ တအား ကန်လိုက် ထိုးလိုက် လုပ်တိုင်း “ပြောမယ်။ ပြောတော့မယ်” လို့ ဆိုလိုက်ရင် သူတို့က နှိပ်စက်နေတာကို ခဏရပ်လိုက်ပြီး ငါ့ ခြေထောက်အောက်မှာ ခွေးခြေကို လာထိုးပေးတယ်။

ငါလည်း ကြိုတင် ကြံစည်ထားတဲ့အတိုင်း လှီးလွှဲပြီး ဖြေတယ်။ သူတို့က “ငါတို့ မင်းကို မေးနေတာ ဒါမဟုတ်ဘူးကွ” လို့ ဆိုပြီး ခြေထောက်အောက်က ခွေးခြေကို ဖယ်ပြီး တွဲလောင်း ထားလိုက်။ နှိပ်စက်လိုက်။ ဆက်တိုက် လုပ်ကြတယ်။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် လေထဲမှာ တန်းလန်းကြီး တွဲပြီး ယိမ်းလွှဲထားလိုက်။ ခဏလောက် ခွေးခြေပေါ် ရပ်ခိုင်းလိုက် ပေါ့။

ဒီအချိန်မှာ ဗိုလ်ကြီးစိန်ဝင်းက

“ဟေ့ကောင် … ရုပ်ရှင်ထဲမှာတော့ မင်းသား “ရမ်ဘို” ကို ကယ်မဲ့လူ ရှိတယ်။ ဒီ ရက္ခိုင် ရမ်ဘိုကိုတော့ ဘယ်သူမှ လာကယ်မဲ့သူလည်း မရှိဘူး။ ဟား. ဟား . ဟား ဟား. လာကယ်ရင်လည်း ကယ်တဲ့လူကိုပါ တခါတည်း ရောသတ်လိုက်ရုံဘဲ”

ဟု မကြေမနပ် နဲ့ သရော်သလို ခနဲ့သလို လေသံပြင်းပြင်းနဲ့ ငါ့ကို ပြောတယ်။ ပြီးတော့ သူဆက်ပြောတာက

“ငါ့ကို ဘူးသီးတောင်ကနေ နာမည်ပေးတာက ဒုတ်စိန်ဝင်းတဲ့ .. မှတ်ထား.. ။ ငါ တစ်ချက်ရိုက်တိုင်း တစ်ကွဲစီ ကွဲအောင် ရိုက်လာတာ အကြိမ်ပေါင်း မနည်းဘူး။ အခုလည်း… မင်း ကိုယ်တွေ့ ဖြစ်ရမှာပေါ့”

ဟု ဆိုပြီး တွဲလောင်းအနေအထားနဲ့ ရှိနေတဲ့ငါ့ကို သူကိုင်ထားတဲ့ဒုတ်နဲ့ တစ်ချက် ခပ်ပြင်းပြင်း ရိုက်လိုက်တယ်။ ဒါပေမဲ့.. ငါ့ ခေါင်းက မကွဲဘူး။ နောက်တစ်ချက် ခပ်ပြင်းပြင်းလေး ထပ်ရိုက်ပြန်တယ်။ ငါဟာ မိုက်ကနဲ ဖြစ်သွားတယ်။ မျက်စိတွေ ပြာနှမ်းသွားတယ်။ သူ့ပါးစပ်ကလည်း ဒေါသနဲ့

“ဒီကောင် ခေါင်းမာသလို ဦးခေါင်းလည်း အတော်မာတဲ့… ကောင်ဘဲ”

လို့ ပြောပြီးတော့ ဘေးအနီးအနားမှာ မြက်ခုတ်နေတဲ့သူဆီက နှစ်ပေခွဲလောက် အရှည်ရှိတဲ့ ဓါးတစ်ချောင်းကို တောင်းယူလာပြီး

“ဒီခေါင်းလား မာတာ”

လို့ ဆိုပြီး ခပ်ဆတ်ဆတ်လေး ခုတ်ချလိုက်တယ်။ နဖူးက သွေးတွေ စီးဆင်းလာပြီး မျက်စေ့တွေ စပ်သွားတယ်။ ငါလည်း တအား ခံပြင်းသွားပြီး ဒေါသနဲ့ တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ ငါ တောက်ခေါက်သံကို ကြားတာနဲ့ ဘေးနားက စိန်ဝင်းရဲ့ တပည့်ကောင်တွေ ဝိုင်းလာပြီး “ငါလိုးမသား” လို့ ဆဲပြီး ဝိုင်းသမလိုက်ကြတာ။ သတိ မရတချက် ရတချက် ဖြစ်သွားအောင် နှိပ်စက်ပြီးမှ သူတို့ဟာ ငါ့ကို ထုတ်တန်းက ကြိုးကို ဖြုတ်ပြီး ချပေးတယ်။

ညနေ ငါး နာရီ ခွဲလောက်မှာ ငါ့ကို အခန်းသို့ ပြန်ပို့ပေးတယ်။

အခန်းထဲပြန်ရောက်တော့ ရေဆာတဲ့ ဝေဒနာကို ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ အာခေါင်တွေ ခြောက်လာတယ်။ ရေဆာတာ ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ဒီဝေဒနာကို ကြိတ်မှိတ် ခံစားနေရတော့ ဘယ်လိုမှလည်း အိပ်လို့ မရနိုင်တော့ဘူး။ သန်းခေါင်လောက်မှာ သူတို့ ရောက်လာပြီး

“ဟေ့ကောင် သူပုန်။ နက်ဖြန်ဆို မင်းသေပြီ။ မင်း ထမင်း မစားရတာ နှစ်ရက်ရှိပြီ မဟုတ်လား။ ထမင်းအသက် ခုနစ်ရက် ရေအသက် တမနက်တဲ့.. ဟေ့ကောင်။ နောက်တနေ့ မင်း ထပ်ပြီး ရေမသောက်ရရင် မင်း သေပြီ။ ပြောမလား မပြောဘူးလား။ မင်းအတွက် ဒါဟာ နောက်ဆုံး အခွင့်အရေးဘဲ။ မနက်ဖြန်လည်း မင်း ဆက်ခေါင်းမာနေသေးရင် မင်း သေပြီ မှတ်”

ပြူတင်းပေါက်က လာ ခြိမ်းခြောက်ကြတယ်။

ဒီလိုနဲ့ မိုးလင်းသွားပြန်ရော။

အပိုင်း (၁) https://www.facebook.com/share/p/1CWxiK8gSn

အပိုင်း (၂) https://www.facebook.com/photo/?fbid=122168731622561727&set=a.122094637034561727

အပိုင်း (၃) https://www.facebook.com/photo/?fbid=122169819260561727&set=a.122094637034561727

အပိုင်း (၄) https://www.facebook.com/photo/?fbid=122170916168561727&set=a.122094637034561727

အပိုင်း (၅) https://arakhatimes.com/articels_mm/24984/ တွင် ဖတ်ရှုနိုင်ပါတယ်။

Related posts

စစ်တွေမှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်

Rakhita Times

ကျောက်ဖြူကို စစ်ကောင်စီဒရုန်းနဲ့ဗုံးကြဲ အမျိုးသမီး ၃ ဦး သေဆုံး

Rakhita Times

AA ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်တွေကို တရုတ်ထံ လွှဲပြောင်း

Rakhita Times

Leave a Comment