NewsPolitic

တိုင်းရင်းသားလက်နက်ကိုင်များအကြား ပွတ်တိုက်မှု ရှိလာနိုင်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၈ မတ် ၂၀၂၅)

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နယ်မြေစိုးမိုးမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ပွတ်တိုက်မှု ပဋိပက္ခတွေက ရှေ့လျှောက်လည်း ရှိလာနိုင်ဦးမှာဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား ရှမ်းပြည်မြောက်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့ကြတာပါ။

အခုလိုမျိုး တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပြဿနာတွေဟာ ရှေ့လျှောက်လည်း ရှိလာနိုင်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျမ သ‌ဘောကျတာကတော့ ဘာပြဿနာပဲဖြစ်ဖြစ် လက်နက်နဲ့ မဖြေရှင်းဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကလေး ကျနေတာတော့ ကောင်းတယ်လေ။ ထိမိခိုက်မိတာတွေတော့ ရှိနိုင်တယ်။ ပြဿနာတွေက ရှေ့လျှောက်လည်း ရှိနိုင်ပါတယ်။ အဲဒါတွေကနေ လွတ်ထွက်ပြီး မထိန်းနိုင် မသိမ်းနိုင် ဒါတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဖြေရှင်းနိုင်ပါလိမ့်မယ်နဲ့ တူတယ်။ ကျမ ကြည့်ရတာတော့။ ထိန်းနိုင်မှာပါ။ အောက်ခြေမှာတော့ သူတို့ အဖွဲ့တင်မဟုတ်ဘူး တခြားအဖွဲ့တွေလည်း ရံဖန်ရံခါ ဖြစ်တတ်တယ်။ သူတို့က နည်းနည်း ကြီးကျယ်လာလို့ သတင်းထဲ ပါလာတာနဲ့ တူတယ်။ ကြည့်ရတာလေ။ ဒါပေမယ့် ကျမတို့ ကြည့်ရမှာက ဒီထဲမှာ ခလောက်ဆန်တာတွေလည်း ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဘက်က တစ်သက်လုံး လုပ်လာတာ ဒီအလုပ်ပဲလေ။ တော်လှန်ရေးအဖွဲ့တွေကြား၊ လူမျိုးစုအဖွဲ့တွေကြား ဝင်ပြီး သတ်ရှိုခွဲတာတွေ ဘာတွေ လုပ်တတ်တယ်။ အဲဒါကိုတော့ သတိထားဖို့ လိုတာပေါ့နော်” လို့ သူက ပြောပါတယ်။

မန်တုံ နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေးကိစ္စနဲ့ ပတ်သက်လို့ TNLA နဲ့ KIA အောက်ခြေတပ်ဖွဲ့ ဝင်တွေကြားမှာ မကြာခဏ အငြင်းပွားမှုတွေ ရှိနေတာပါ။

ဒီလို အငြင်းပွားမှုကိစ္စတွေ ထပ်မဖြစ်ဖို့အတွက် TNLA စစ်ဦးစီးချုပ်ကိုယ်တိုင် ညွှန်ကြားထားပြီး ညှိနှိုင်းဆွေးနွေးဖို့အတွက် KIA ဗဟိုအဆင့်ကို စာပို့ထားသလို ညှိနှိုင်းဖို့ ဆောင်ရွက်နေတယ်လို့ နှစ်ဖက် တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံတွေက မတ်လ ၃ ရက်မှာ ပြောထားကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ထားတဲ့ မန်တုံ၊ ကွတ်ခိုင်မြို့နယ်တွေနဲ့ ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ မုံးကိုးမြို့နယ်တွေမှာ KIA၊ TNLA နဲ့ MNDAA တပ်ဖွဲ့ အောက်ခြေ တပ်သားတွေကြား မကြာခဏ ဆိုသလို နယ်မြေအငြင်းပွားမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှမ်း၊ ကရင်၊ ချင်း နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပွတ်တိုက်မှုတွေ ဖြစ်ပွားနေကြတာပါ။

Related posts

ခူမီးနှစ်သစ်ကူးပွဲတော် AA တက်ရောက်

Rakhita Times

စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချပို့ဆောင်မယ့် ပွဲစား ၃ ဦးကို ထောင် ၁၀ နှစ်စီချမှတ်

Rakhita Times

စစ်တွေတွင် တစ်ပတ်အတွင်း စားဆီ ၁ လီတာ တစ်သောင်းကျော် ဈေးတက်

Rakhita Times

2 comments

RobertFus ဧပြီ 11, 2026 at 7:21 မနက်

Do you trade cryptocurrencies? explore bitkelttrade automate your transactions and earn passive income. Smart algorithms analyze the market and help you make decisions. Increase your income and reduce risks with modern technology.

Reply
rent yacht montenegro 192 မေ 5, 2026 at 7:28 ညနေ

Montenegro yacht rent yacht charter in Montenegro

Reply

Leave a Comment