အာရက္ခတိုင်းမ်စ် (၂၉ ဇွန် ၂၀၂၅)
ရက္ခိုင်ပြည်မှာ နဆက်လက် မိုးကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၃ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ညနေ ၄ နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။
“ ရက္ခိုင်ပြည်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုပါတယ်” လို့ ဖော်ပြထားပါတယ်။
အလားတူ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျရောက်စဥ်အတွင်း ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်တဲ့အပြင် လှိုင်းအမြင့်မှာလည်း ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၁ ပေကနေ ၁၃ ပေခန့်အထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
နောက် ၂ ရက်အတွင်း ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနိုင်တယ်လို့လည်း မိုးလီဝသဌာနက ထုတ်ပြန်ထားပါတယ်။

3,531 comments