ArticelsLife StylePolitic

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

မင်းမှာ မင်းမိဘပေးတဲ့ အသက် မရှိတော့ဘူး

(အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ – ၈)

****

(ဌေးဝင်း)

ရေချိုးကန်က ပြန်လာတော့ ဗိုက်က ဆာလာပြန်တယ်။ ထမင်း အရမ်းကို စားချင်လာတယ်။ အစာတခုခုကို စားချင်လာတယ်။ ငတ်မှ ပိုစားချင်တာ လောကသဘာဝပေဘဲ မဟုတ်လား။ ခု ငါ့မှာ စားစရာလည်း ဘာမှမရှိ။ မရှိမှ ပိုဆာ.. ပိုစားချင်လာ။ ငါ့မှာရှိနေတာက ငါ့ကို ရက်ရက်စက်စက် နှိပ်စက် ညှဉ်းပန်းမဲ့ စစ်ထောက်လှမ်းရေးတွေ။

ဒီလိုနဲ့ ညမိုးချုပ်တော့ သူတို့ ငါ့ကို တခေါက် လာခေါ်ပြန်တယ်။ ဒီတခါတော့ တပ်မှူး အခန်းကို ခေါ်သွားတာ။ တပ်မှူး ခင်မောင်အေးက

“မင်း ထမင်းမစားရတာ ဘယ်လောက်ကြာပြီလဲ”

ဆိုတော့ ငါက

“ဒီကို ရောက်တဲ့ အချိန်ကတည်းကပါ”

လို့ ပြောပေမဲ့ ငါ့စကားအသံကလည်း သိပ်မထွက်ဘူး ဖြစ်နေတယ်။ အင်အားတွေ ကုန်ခမ်းနေပြီ ဖြစ်မှာပေါ့။

သူက ဆက်ပြီး

“ရေလည်း မသောက်ရဘူး မဟုတ်လား။ အစာ မစားရတာတော့ ကြာပြီ။ နောက်ထပ် မင်း ဘာ အစားအစာမှ မစားရရင် မင်း သေရတော့မယ်။ မင်း ထမင်း မစားချင်ဘူးလား”

လို့ မေးတယ်။ ငါက

“စားချင်တယ်”

သူက

“မင်းကို ငါတို့ အစာကျွေးမယ်။ မင်း နားလည်ရမှာက မင်းမှာ မင်းမိဘပေးတဲ့ အသက်မရှိတော့ဘူး။ ငါတို့ အစာကျွေးမှ မင်းအသက်က ရှင်မှာ။ ငါတို့ အစာကျွေးမယ်။ ဒါပေမဲ့ ငါတို့ မေးတာကို အမှန်အတိုင်း ဖြေရမယ်”

လို့ ဆိုတော့ ငါကလည်း

“ဟုတ်ကဲ့ပါ။ ပြောပါ့မယ်”

ပေါ့။ အစာ တခုခုကို သိပ်ကို စားပစ်ချင်နေပြီလေ။ တခုခုကို စားရဖို့က ခုအချိန်မှာ သိပ်ကို အရေးကြီးနေပြီလေ။ သူက

“ဟေ့ကောင်.. မင်း ဟိုမှာတွေ့လား”

ဟု တစ်ဘက်က ခုံပေါ်မှာ တင်ထားတဲ့ လဘက်ရည်နဲ့ ကိတ်မုန့်ကို ညွှန်ပြပြီး

“မင်းစားချင်တယ် မဟုတ်လား”

လို့ ဆိုတော့ ငါက

“စားချင်တယ်”

လို့ ပြန်ပြောတော့

သူက

“စားချင်ရင် ငါ ပေးမယ်။ မင်း ငါမေးတာကို ဖြေမလား”

ဆိုတော့ ငါကလည်း မဆိုင်းမတွ

“ဖြေမယ်။ အရင် စားချင်တယ်။ စားပြီးတဲ့အခါ ဖြေမယ်”

ဒီတော့ သူက

“မင်း.. ကတိ တည်မလား။ မင်း.. ကတိ တည်မယ် ဆိုရင် ငါကျွေးမယ်”

ဆိုပြီးနောက် င့ါကို လဘက်ရည်နဲ့ ကိတ်ကို စားသောက်ခွင့် ပြုတယ်။

ငါလည်း သူတို့ကျွေးတဲ့ ကိတ်မုန့်နဲ့ လဘက်ရည်ကို သောက်ဖို့ လက်ကို လှမ်းလိုက်တော့ လက်ချောင်းတွေက တစ်ချောင်းမှ ကုတ်လို့ ကွေးလို့ မရတော့ဘူး။

အနားမှာရှိတဲ့ တပ်ကြပ်လှမြင့်က သူ့လက်နဲ့ကိုင်ပြီး ကိတ်မုန့်ကို ခွံ့ကျွေးတယ်။ ငါလည်း ဆာဆာနဲ့ ခပ်သွက်သွက် စားသောက်ပစ်လိုက်တယ်။ လဘက်ရည်ကိုလည်း သူ့လက်နဲ့ဘဲ ကိုင်ပြီး တိုက်တယ်။ လဘက်ရည်ကတော့ အေးနေပြီ။ ဒီလို စားနေတုန်းမှာ ဗိုလ်မှူး ခင်မောင်အေးက

“အခု မင်းဟာ မင်းအမေ အဖေပေးတဲ့ အသက်မရှိတော့ဘူး။ ငါတို့ပေးတဲ့အသက် ဖြစ်သွားပြီ။ ဒီနေ့ အစာတစ်ခုခု မစားရရင် မင်းက သေလူပဲ ဖြစ်တယ်။ ခုနက မင်းပေးတဲ့ ကတိ တည်ရမယ်”

လို့ ထပ်ကာ ထပ်ကာ ပြောပြီး ဟိုမေးလိုက် ဒီမေးလိုက်နဲ့ လုပ်စဉ်မှာ ငါဟာ ဘယ်လိုဖြစ်သွားတယ် မသိ။ ငါ့မျက်နှာဟာ ရှေ့က စားပွဲခုံပေါ်ကို နဖူးနဲ့ ဒုန်းခနဲ မှောက် မှောက် ကျသွားတယ်။ ဘေးကနေ လှမြင့်က ငါ့ရဲ့ ဂုတ်ပိုးအင်္ကျီအစကို ဆွဲပြီး ပြန်မတ်ပေးတယ်ဒီ။ အချိန်မှာ ငါ သတိထားမိလိုက်တာက ခုန ငါသောက်လိုက်တဲ့ လဘက်ရည်မှာ အိပ်ဆေးခတ်ထားတယ် ဆိုတာကို။

ငါ့နဖူးဟာ ဒုန်းကနဲ စားပွဲခုံပေါ် ဟပ်ထိုးကျသွားလိုက်တိုင်း တပ်ကြပ်ကြီး လှမြင့်က ငါ့ဂုတ်ပိုးကို ပြန်ပြန် ဆွဲမထူတယ်။

အဲသလို အိပ်ချင်မူးတူး ဖြစ်နေစဉ်မှာ ငါ့ဆီက သူတို့လိုချင်တဲ့ အဖြေကိုရအောင် လျှော့တစ်လှည့် ခြောက်တစ်လှည့် ယခင်မေးထားတဲ့ မေးခွန်းတွေကို စစ်မေးကြတယ်။ သူတို့ဟာ ငါ့ကို စစ်ထား မေးထားပြီးသားဟာတွေနဲ့ ဒီနေ့ ဖြေတာတွေနဲ့ကို တိုက်ဆိုင် စစ်ဆေးကြပုံရတယ်။ ငါလည်း အတတ်နိုင်ဆုံး သတိကို ထိန်းလို့ရသမျှ ထိန်းပြီး အရင်ဖြေထားတာတွေနဲ့ ကိုက်ညီအောင် ကြိုးစားဖြေတယ်။

ဒီနေရာမှာ ငါမသိသေးတာက သူတို့ဟာ သတင်းပေး တယောက်ယောက်ဆီက ငါနဲ့ ပတ်သက်တဲ့ အချက်အလက် တော်တော်များများကို ရရှိထားပြီးသား ဆိုတာကိုလေ။ ဒါကြောင့် သူတို့က ငါ ဘယ်လိုဘဲ လှီးလွှဲ ဖြေဖြေ။ သူတို့က ငါ လိမ်ပြောနေတယ်ဆိုတာကို သိနှင့်ပြီးသား။ ငါငြင်းနေတာကိုလည်း သူတို့သိသလို အမှန်အတိုင်း ပြောနေတယ်ဆိုတာကိုလည်း သူတို့ သိနေတယ်။

အဲဒီ သတင်းပေး သူလျှိုဟာ ငါသွားတာ လာတာ အားလုံးကို သိနေတဲ့သူ ဖြစ်နေတယ်။ ဒါကြောင့် ငါ ဘာကို လိမ်တယ်။ ဘာကို မလိမ်ဘဲ ဖြေတယ်ဆိုတာ သူတို့ သိနေတာ ဖြစ်တယ်။ ဒီလိုနဲ့ သူတို့ မေးတဲ့ မေးခွန်းတွေကို သတိထားရင်း တဖြည်းဖြည်း ငါဟာ သဘောပေါက်လာတယ်။

အော် ငါနဲ့ အတူ လှုပ်ရှားခဲ့တဲ့ ကောင်ဟာ ဒီကောင်တွေရဲ့ သူလျှိုပါလား ဆိုတာကိုပေါ့။ ဒါကို စစ်ကြောရေး ဝင်ခံရတဲ့ ဒုတိယနေ့ကတည်းက ငါ သတိထားမိတာ။ ဒါကြောင့် ဒီသတင်းတွေ ဘယ်ကောင့်ဆီက ပေါက်တာလဲ။

ထွက်လာတာလဲဆိုတာ ငါ စဉ်းစားကြည့်တော့ ငါ ကွင်းဆက်ကို ဆက်စပ် တွေးမိလာတယ်။ ဒီကောင်ဘဲ ဆိုတာ တထစ်ချ သိလိုက်ပြီ။ ဒါကြောင့် ဒီကောင် သိနေတာတွေ အားလုံးကို ငါ ထိန်ချန် ဖုံးကွယ်လို့ မရတော့ဘူး။ ပြောရတော့မှာဘဲ။

အပိုင်း (၁) https://www.facebook.com/share/p/1CWxiK8gSn

အပိုင်း (၂) https://www.facebook.com/photo/?fbid=122168731622561727&set=a.122094637034561727

အပိုင်း (၃) https://www.facebook.com/photo/?fbid=122169819260561727&set=a.122094637034561727

အပိုင်း (၄) https://www.facebook.com/photo/?fbid=122170916168561727&set=a.122094637034561727

အပိုင်း (၅) https://arakhatimes.com/articels_mm/24984/

အပိုင်း (၆) https://www.facebook.com/share/p/16Z3A48Rk4/

အပိုင်း (၇) https://www.facebook.com/share/p/1KQGBGy8MV/ တွင် ဖတ်ရှုနိုင်ပါတယ်။

Related posts

စစ်ရှောင်ကလေးနဲ့ သက်ကြီးရွယ်အိုအတွက် အထောက်အပံ့များ လိုအပ်

Rakhita Times

ဖြူဖြူကျော်သိန်းက ရက္ခိုင် ၄ မြို့နယ်အတွက် ငွေကျပ် သိန်း ၁၀၀၀ ကျော် လှူဒါန်း

Rakhita Times

ရက္ခိုင်သို့ တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် ဆက်တိုက် ဖမ်းဆီး

Rakhita Times

2 comments

vytyazhnye zaklepki 61 ဖေ‌ဖော်ဝါရီ 2, 2026 at 7:41 မနက်

заклепка вытяжная купить заклепки вытяжные лепестковые

Reply
NelsonBeecy ဖေ‌ဖော်ဝါရီ 2, 2026 at 6:58 ညနေ

Известно что кракен маркетплейс всегда работает через систему резервных зеркал

Reply

Leave a Comment