NewsPolitic

စစ်တွေကနေ စစ်ကောင်စီ လက်နက်ကြီးပစ်လို့ ပုဏ္ဏားကျွန်းဒေသခံ ၁ ဦး ဒဏ်ရာပြင်းထန်ရ

အာရက္ခတိုင်းမ်စ် (၁၁ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ ကျားမသောက်ရွာအနားမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်မြေပြင်အင်ဂျီနီယာတပ်ရင်း စအရ ၉၀၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က (၁၀ ဇူလိုင်) ညနေဖက် ၅ နာရီ မတီးခင်လောက်က ညောင်ပင်ရင်းရွာကို လက်နက်ကျလို့ ရွာသား ၁ ဦး ဒဏ်ရာတော်တော်ပြင်းထန် ရတယ်” လို့ ပုဏ္ဏကျွန်းမြို့ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြင်းထန်ဒဏ်ရာရရှိသွားသူမှာ ပုဏ္ဏကျွန်းမြို့နယ် ညောင်ပင်ရင်းရွာက အသက် ၅၃ နှစ် အရွယ် ဦးကျော်လှမောင် ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လွတ်မြောက်နယ်မြေဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ပြန်လည်ဝင်ရောက်လိုပေမယ့် စစ်တွေမြို့နဲ့ နီးတဲ့ နေရာတွေကိုတော့ အာရက္ခတပ်တော်အနေနဲ့ ပြန်လည်နေထိုင်ခွင့် မပြုသေးဘူးလို့ သိရပါတယ်။

Related posts

မာန်အောင်မှာ တနေ့ ၂နာရီသာ လျှပ်စစ်မီးရရှိ

Rakhita Times

ကျောက်ကလေရွာကို စကမ ဗုံးကြဲ အမျိုးသမီး ၂ ဦး သေဆုံး၊ နေအိမ်အချို့ ပျက်စီး

Rakhita Times

စာသင်ကျောင်းတွေနဲ့ ကမ္ဘာရွာ

Rakhita Times

1,842 comments

Leave a Comment