ငြိမ်းချမ်းရေးဆွေးနွေးဖို့ TNLA နဲ့ စစ်ကောင်စီတို့ တရုတ်ရောက်နေ
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၅) ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA) နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်နေပြီလို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ရေးပြဿနာတွေ ပြေလည်နိုင်ဖို့အတွက် ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှု စတင်မယ်လို့လည်း...
