အာရက္ခတိုင်းမ်စ် (၈ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည်၊ စစ်တွေမြို့အနီးဝန်းကျင်က ကျေးရွာ နဲ့ ရပ်ကွက်အချို့ကို စစ်ကောင်စီက အတင်းအဓမ္မ ပြောင်းရွေ့ခိုင်းနေတယ်လို့ သိရပါတယ်။
ရေချမ်းပြင်ကျေးရွာမှ ဒေသခံတွေကို မြို့အတွင်း ဒီဇင်ဘာ ၇ ရက်နေ့ အပြီး ပြောင်းရွှေ့ဖို့ စစ်ကောင်စီက ဖိအားပေးနေကြောင်း လက်ရှိမှာ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေမှာ ဒေသခံ ထောင်နဲ့ ချီပြီးတော့ ရောက်နေကြပြီလို့ သိရပါတယ်။
တချို့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်လို့ အဆင်ပြေပေမယ့် တချို့ဘုန်းကြီးကျောင်းမှာတော့ အိမ်သာနဲ့ ရေအလုံအလောက် မရှိတဲ့အတွက် ကူညီကာ်ဆယ်ရေးစခန်းဖွင့်ဖို့ အဆင်မပြေတာ ရှိတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ သူတို့ရောက်နေတဲ့ ဘုန်းကြီးကျောင်းကို သွားကြည့်ခဲ့တာ။ စစ်တွေသင်္ချိုင်း ဘုန်းကြီးကျောင်းနေရာမှာ ဘုန်းကြီးကျောင်းတွေ ရှိတယ်လေ။ အဲဒီဘုန်းကြီးကျောင်းတွေမှာ ရေချမ်းပြင်က ရောက်နေတယ်။ အသစ်နွေ ရောက်နေတယ်ပေါ့နော်။ အရင်ရှိတာတွေက ဘုန်းကြီးကျောင်းတို့ အခုကျတော့ သင်္ချိုင်းနားက ဘုန်းကြီးကျောင်းမှာ အသစ်ရောက်နေတယ်။ တချို့ဘုန်းကြီးတွေကလည်း မထားချင်ဘူး။ ခဏနေပေါ့။ စခန်းဖွင့်ဖို့ကျ တခြားဘုန်းကြီးတွေနဲ့ တိုင်ပင်ရမှာတို့ မထားချင်ဘူးပေါ့။ မထားချင်ဘူးဆိုတာကလည်း လူတွေ အများကြီးနဲ့ နေရမယ်ဆို ညစ်ပတ်တယ်။ ဘုန်းကြီးကျောင်းမှာလည်း သန့်သန့်ရှင်းရှင်းလည်း မနေကြဘူးလေ။ အိမ်သာလည်း လိုလာမယ်။ သုံးဖို့ ရေလည်း လိုလာမယ်။ သူတို့နေဖို့အတွက်ဆို ရေလည်း အဆင်ပြေဖို့ လိုသေးတယ်။ နေရာတကျ မရှိသေးဘူးပေါ့။ ဒီနေ့ နောက်ဆုံးထားပြီး ရွှေ့ရမယ်ဆိုတော့ အရင်လာရွှေ့ထားတဲ့သူတွေက အရင်နေရာရတယ်။ ဘယ်ဘုန်းကြီးကျောင်းဖြစ်ဖြစ် အဲဒီမျိုးတွေနဲ့ လာကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ရက္ခိုင်ပြည်၊ စစ်တွေမြို့က ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း(ရွာသစ်)၊ ပျားလယ်ချောင်း (ရွာဟောင်း)၊ ကြွီတဲ၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ သင်းပုန်းတန်း၊ မောင်နီပြင် စတဲ့ ကျေးရွာတွေက ဒေသခံတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက အတင်းအဓမ္မ ပြောင်းရွှေ့နေတာ ဖြစ်ပါတယ်။

အလားတူ စစ်တွေမြို့ရှိ အောင်ထွန်းသိန်းရပ်ကွက်က ဒေသခံတွေကို စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းထား တယ်လို့ စစ်တွေ ဒေသခံတွေထံက သိရပါတယ်။
စစ်တွေဒေသခံတစ်ဦးက “အောင်ထွန်းသိန်းရပ်ကွက်ကလူတွေကို မြို့ထဲမှာ ပြောင်းနေဖို့ဆိုပြီး ရပ်ကွက်ကို နှင်ထားတယ်။ ဘယ်နေ့နောက်ဆုံးလည်းတော့ မပြောတတ်ဘူး။ ဒါပေမယ့် လူတွေက ပြောင်းနေကြပြီ။ ဘယ်ကို ပြောင်းကြလဲဆိုတော့ နေပူခံရွာက ဘုန်းကြီးကျောင်းကို ပြောင်းတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာဏာပိုင်တွေက ပြောင်းရွှေ့ရမဲ့နေရာ မစီစဉ်ပေးတာနဲ့ အစားထိုးမြေနေရာချထားပေးတာတွေ မရှိတဲ့အတွက် နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ အသိဆွေမျိုးတွေဆီကို ပြောင်းရွှေ့နေထိုင်နေကြးတာပါ။
ရေချမ်းပြင်ရွာက နောက်ဆုံးကျန်နေတဲ့ရွာဖြစ်ပြီးတော့ ဇတ်ဂိတ်ရှိတဲ့အတွက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ မောင်တောမြို့ကနေ စစ်တွေကိုလာမယ့် အာရက္ခတပ်တော်တော်ကို တိုက်ခိုက်ဖို့အတွက် အကာအကွယ်ယူတဲ့အနေနဲ့ ဒေသခံတွေကို ရွှေ့ခိုင်းတာ ဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဒီဘက်မှာ ဇတ်ထားတဲ့ ကမ်းရှိတယ် စစ်တွေဘက်မှာ။ အဲဒီရွာရဲ့အနားမှာ ဇတ်ဂိတ်ရှိတယ်။ ဆိုလိုတာက ရေနဲ့ နီးတဲ့အတွက်ကို သူတို့တွေက ဖယ်ခိုင်းတာက ဒီဘက်ကလူတွေ အဲဒီရေကနေ တက်လာမယ်ဆိုရင် အဲဒီဘက်ကနေပြီးတော့ တိုက်ခိုက်လို့ရမယ့်ပုံစံမျိုး သူတို့ကာဗာယူတဲ့ပုံစံမျိုး ဖြစ်ချင်ဖြစ်မယ်။ အဲဒါကျတော့ မောင်တောတစ်ခုတည်း မဟုတ်တော့ဘူး ပုဏ္ဏားကျွန်းကလည်း ရတယ်၊ ရေဘက်ကနေ လာမယ်ဆိုရင် ရသေ့တောင်လည်း ရတယ်။ နေရာပေါင်းစုံကနေ လာလို့ရတယ်” လို့ ပြောပါတယ်။
ထောင်နဲ့ချီတဲ့ ဒေသခံတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဘအများဆုံး ပါဝင်ပေမယ့်လည်း စစ်ကောင်စီက ကူညီထောက်ပံ့ပေးတာ မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်းက ဘုန်းကြီးကျောင်းတွေကို ဧည့်စာရင်း အကြောင်းပြချက်နဲ့ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာတွေလည်း ခဏခဏလုပ်လေ့ရှိတာကြောင့် ပြောင်းရွှေ့ခံရတဲ့သူတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီက မြို့အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများကို မြို့အတွင်းသို့ ပြောင်းရွှေ့ခိုင်းတာက တိုက်ပွဲဖြစ်လာရင် လူသားဒိုင်းကာအဖြစ် အသုံးချလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် နိုဝင်ဘာ လဆန်းတုန်းကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက် နာဇီရွာ ရဲကင်းစခန်းအနီးဝန်းကျင်ရှိ အိမ်နှစ်ဆယ်ခန့်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာပိုင်တွေက ဖယ်ရှားခိုင်းတာကြောင့် ဖြိုဖျက်ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။
စစ်တွေမြို့ ပတ်ပတ်လည်ကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်ရေးတင်းမာနေပြီး မြို့ဆင်ခြေဖုံး ရပ်ကွက်တွေဘက်မှာတော့ ပစ်ခတ်သံတချို့ မကြာခဏ ကြားရတယ်လို့လည်း စစ်တွေမြိုခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့ကို ခံစစ်အခိုင်အမာ ပြင်ဆင်ထားပြီး မြို့တွင်းလုံခြုံရေး တင်းကျပ်ထားပါတယ်။

1 comment
Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.