NewsPolitic

စစ်ကောင်စီရဲ့ မိုင်းကြောင့် တောင်ကုတ်ဒေသခံ ၁ ဦး ခြေတဖက် ပြတ်

အာရက္ခတိုင်းမ်စ်(၃၀ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ခြေတဖက်ပြတ်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်မှာ တောင်ကုတ်မြို့ စစ်ကောင်စီအခြေစိုက်ခဲ့တဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနီးတွင် ဟင်းစားရှာသွားရာမှ ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။

“သူတို့လင်မယားက စကခ ၅ နားမှာ ဟင်းစားသွားရှာကြတာ။ ယောက်ျားဖြစ်သူက မိုင်းတက်နင်းမိလို့ ပေါက်ကွဲပြီး ညာဘက်ခြေထောက် ဒူးဆစ်အောက်က ပြတ်သွားတယ်။ ဒဏ်ရာလည်း ပြင်းထန်တယ်” လို့ တောင်ကုတ်မြို့ ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ညာခြေထောက် ပြတ်သွားသူမှာ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် ဦးစိုးနိုင် ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဇွန်လ ၂၆ ရက် နေ့လည်ပိုင်းက စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် အောင်ချမ်းသာ ၁ လမ်းနေ အသက် ၄၅ နှစ် အရွယ် ဦးသိန်းဝင်းဟာ ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူလက်လွှတ်လိုက်ရတဲ့နယ်မြေတွေမှာ မြေမြှုပ်မိုင်းများစွာ မြှုပ်နှံခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေကို နေ့စဉ်ရက်ဆက် ရှင်းလင်းပေးနေပြီး သံတွဲ နဲ့ ဂွမြို့နယ်မှာ မြေမြှုပ်မိုင်း အလုံးရေ ၂၀၀၀ ကျော်ကို ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

အလားတူ အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ စစ်ကျန်လက်နက် အန္တရာယ်ပညာပေး ဆွေးနွေးပွဲများ၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူခြင်း နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ငါးသိုင်းချောင်းတွင် စစ်ကောင်စီတပ် အထိုင်ချကာ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Rakhita Times

မြောက်ဦးတွင် သုံ့ပန်း ၂၀၀ နီးပါး AA လွှတ်ပေး၊ တပ်ရင်းမှူးကတော်ပါ ပါဝင်

Rakhita Times

စစ်တွေမှာ ဒေါ်စောမြရာဇာလင်းက ဆန်၊ ထင်း၊ ဆီနဲ့ ငပိ လှူဒါန်းမယ်

Rakhita Times

6 comments

DevinPaf စက်တင်ဘာ 2, 2026 at 11:32 ညနေ

Worth pointing out that the writing reads as confident without being defensive about it, and a look at mimosamarket extended that secure tone, content that does not pre emptively argue against imagined critics has a different quality from defensive writing and this site reads as written from a place of real ease.

Reply
Eanaveda စက်တင်ဘာ 2, 2026 at 11:33 ညနေ

Reading this on a phone at a coffee shop and finding it perfectly suited to that context, and a stop at seamsecret continued the comfortable mobile experience, content that works across reading conditions without compromising on substance is increasingly important and this site has clearly thought about the whole reader experience here.

Reply
Iratweta စက်တင်ဘာ 2, 2026 at 11:54 ညနေ

Took my time with this rather than rushing because the writing rewards attention, and after clarvesta I had even more to absorb, the kind of content that pays back the patient reader rather than punishing them with empty filler is something I look for and rarely find in regular searches lately.

Reply
KadeTef စက်တင်ဘာ 3, 2026 at 12:26 မနက်

Picked something concrete from the post that I will use immediately, and a look at gpugearhouse added another concrete piece, content that produces immediately useful output rather than just abstract appreciation is content that earns its place in my regular rotation without needing any further evaluation from me at this point honestly.

Reply
Bjornpok စက်တင်ဘာ 3, 2026 at 1:09 မနက်

Now recognising the post as a rare example of careful writing on a topic that mostly receives careless treatment, and a stop at vpnvault extended that contrast with the average elsewhere, content that highlights how much the average is settling for low quality is content that has both internal merit and external value as a benchmark.

Reply
RickFague စက်တင်ဘာ 3, 2026 at 1:38 မနက်

Honestly this was the highlight of my reading queue today, and a look at wifiwizard extended that across more pages I will return to, ranking what I read against what else I read each day is something I do informally and this site keeps moving up in those rankings the more I explore it.

Reply

Leave a Comment