NewsPolitic

ကျောက်ဖြူဒေသခံတွေ ကြေးနန်းနဲ့ ဆက်သွယ်နေရ

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၅)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ ဖုန်းလိုင်းမရတာကြောင့် ကြေးနန်းရုံးကနေတဆင့် ဆက်သွယ်နေရတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

အရင်က ကျောက်ဖြူမြို့နယ်မှာ ကမ်းရိုးတန်းဖုန်းလို့ခေါ်တဲ့ MEC ဆင်းကဒ်တွေနဲ့ ဆက်သွယ်တာတွေ လုပ်လို့ရပေမယ့် အခုချိန်မှာတော့ အဲဒါတွေလည်း မရတော့ဘူးလို့ သိရပါတယ်။

ကျောက်ဖြူဒေသခံတွေအနေနဲ့ ရက္ခိုင်ပြည် ပြင်ပကို ရောက်နေတဲ့ ဒေသခံတွေ ဆက်သွယ်ရေး လုပ်တဲ့အခါ ကြေးနန်းရုံးကနေတဆင့် လုပ်နေရတာ ဖြစ်ပါတယ်။

ကြေးနန်းရုံးကနေတဆင့် ဆက်သွယ်တဲ့အခါမှာလည်း တစ်ယောက်ကို ၅ မိနစ်လောက်ပဲ ပြောခွင့်ရတယ်လို့ မန္တလေးကို ရောက်နေတဲ့ ကျောက်ဖြူဒေသခံတစ်ယောက်က ပြောပါတယ်။

“ MEC လည်း မရတော့ဘူး။ အဲဒီဟာပါ မရတော့တာ။ အရင်က MEC ရခဲ့သေးတယ်လေ။ MEC ရလို့ဆိုတာလည်း အဲဒီဟာလည်း တကယ့်တကယ်တော့ မရပါ။ ဒါပေမယ့် တစ်နေ့ ၁ ခါ ၂ ခါလောက်တော့ ပြောရတာပေါ့။ စကားပြောဖို့အတွက်လည်း အမြဲတမ်း ခေါ်မရဘူး။ တချို့ဖုန်းလိုင်း အားမှ ပြောရတာ။ အခုကကျတော့ လုံးလုံးကို မရတော့တာ။ အဲဒီ MEC လည်း ဘာမှကို မရတော့တာ။ အခု ဆက်မယ်ဆိုလို့ရှိရင် အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ကြေးနန်းရုံးကို အရေးအကြောင်းကိစ္စရှိရင် လာဆက်။ လာဆက်လို့ရှိရင်လည်း မနက်ကတည်းက တန်းစီရတာ။ ပြီးလို့ရှိရင် မနက်ကတည်းက တန်းစီ။ အဲဒါတောင် ကိုယ့်အလှည့်ကို တခါတလေ နေ့လယ်မှ ရချင်ရတာ။ နောက်ပြီးရင် လူတစ်ယောက်က ၅ မိနစ်ထက် ပိုပြောလို့ မရဘူး” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူဒေသခံတော်တော်များများက ဖုန်းလိုင်းကြောင့် မိသားစုနဲ့ အဆက်အသွယ်မရကြဘူးလို့ သိရပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်ရဲ့ ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီးဖြစ်သလို ရက္ခိုင်တောင်ပိုင်းမှာဆိုရင် ကျောက်ဖြူမြို့နယ်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီက ဖုန်းလိုင်းတွေကို ဖြတ်ထားတာ ဖြစ်နိုင်တယ်လို့ ကျောက်ဖြူဒေသခံတစ်ယောက်က ပြောပါတယ်။

“ အဆက်အသွယ်ကတော့ မရတော့ဘူး။ အခုကလေ လုံးဝမရဘူးလိုတောင် ဖြစ်နေတာ။ တချို့ ဖုန်းဆက်မယ်ဆိုရင် ကြေးနန်းရုံးက ဆက်ရတာလေ။ ဆက်သွယ်ရေးရုံးပေါ့။ အဆက်အသွယ်က အကုန်လုံး ပြတ်တောက်နေတာအခုက။ မိသားစုနဲ့ အဆက်အသွယ် မရဘူးဖြစ်နေတာ ၁ လနီးပါးလောက် ရှိပြီ။ အဆက်အသွယ်ရတုန်းက သိတဲ့အတိုင်း အဆက်အသွယ်ရတယ်ဆိုတာကလည်း ဖုန်းလိုင်းရချင်ရတယ်၊ ခေါ်လို့ရချင်ရတယ်၊ ရချင်မှရတယ်။ အဲဒီလိုဖြစ်နေတာကို။ တောင်ပိုင်းမှာ ကျောက်ဖြူတစ်ခုပဲ ကျန်တော့တာကိုး။ အဓိကတော့ အဲဒါကြောင့်ပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခုလက်ရှိ ကျောက်ဖြူမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်နေတာကြောင့် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက စစ်ဆေးတာတွေ တင်းကြပ်နေပြီး ဒေသခံတချို့ကလည်း ကြိုတင်တိမ်းရှောင်တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

Related posts

ရေရှားပါးတာကြောင့် ရက္ခိုင်တိုက်ပွဲရှောင်တွေ စားဝတ်နေရေး ခက်ခဲ

Rakhita Times

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

Rakhita Times

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

4 comments

Tracyrewly မတ် 16, 2026 at 1:48 မနက်

да да да привет привт

Reply
DonaldBib မတ် 16, 2026 at 7:24 မနက်

ghbdtn привет

Reply
Fobertben မတ် 18, 2026 at 5:03 မနက်

That is really interesting, You are a very skilled blogger. I’ve joined your feed and stay up for in quest of extra of your fantastic post. Also, I have shared your site in my social networks
viagraonline2

Reply
Douglasjuh မတ် 19, 2026 at 6:42 မနက်

https://doskazaymov.kz/ рефинансирование займов МФО если вы в черном списке – на Доска займов можно снизить ежемесячный платеж

Reply

Leave a Comment