NewsPolitic

နိုင်ငံရေးလိုအပ်ချက်တွေ မပြည့်လို့ စစ်ရေးများ ပေါ်နေခြင်းဖြစ်ဟု ပြော

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၅ ခုနှစ်)

လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေလိုချင်တဲ့ နိုင်ငံရေးလိုအပ်ချက်တွေ မပြည့်တဲ့အတွက် ဖြစ်ပေါ်နေတာလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးဟာ အဆုံးအရှုံးများတဲ့အတွက် နိုင်ငံရေးလိုအပ်ချက်၊ အာမခံချက်ကို ရနိုင်ပါက စစ်ရေးနည်းလမ်းကို သွားကြမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။

“နိုင်ငံရေးလိုအပ်ချက်တွေ အာမခံချက်ရတယ်လို့ တစ်ဖက်ကပေါ်လာရင် နိုင်ငံရေး စစ်ရေးချိန်ခွင် ပြန်ညှိရမှာပေါ့။ နိုင်ငံရေးလိုအပ်ချက်တွေမပြည့်လို့ စစ်ရေးက ပေါ်နေတာကို။ နိုင်ငံရေးလိုအပ်ချက်တွေ ရနိုင်တယ်ဆိုတဲ့ အာမခံချက်ရှိရင် စစ်ရေးက အဆုံးအရှုံးများတဲ့အခါကြတော့ ဘယ်သူမှ စစ်ရေးကို လိုက်မှာ မဟုတ်ဘူး။ အဓိကကတော့ နိုင်ငံရေးရည်မှန်းချက်ရဖို့ပါပဲ။ ဒါကြောင့် နိုင်ငံရေးရည်မှန်းချက်ကို စစ်ရေးအပြင် တခြားနည်းလမ်းနဲ့ ရနိုင်တယ်ဆိုရင် ဒါလည်း ခေါင်းဆောင်တွေစဉ်းစားမှာပါ။ ဒါကြောင့် နိုင်ငံရေးလိုအပ်ချက် တွေ ရနိုင်တယ်၊ မရနိုင်ဘူးဆိုတာ ဒီနှစ်ထဲမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေအပေါ် မူတည်တာပေါ့” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံ တစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခတွေ အရင်ကထက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။

ဒီအခင်းအကျင်းမှာ စစ်ကောင်စီဟာ တကယ့် ဌာနချုပ်ကြီးတွေအပါအဝင် စစ်စခန်းပေါင်း ရာချီကို ဆုံးရှုံးလိုက်ရသလို မြို့နယ်  ၉၀ ကျော်ကိုလည်း သိမ်းပိုက်ခံထားရတဲ့အထိ အရှုံးနဲ့ရင်ဆိုင်နေရတာပါ။

၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီးမှာ မြောက်ပိုင်းသုံးဖွဲ့ဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နဲ့တွေ့ဆုံခဲ့ကြသလို ကိုးကန့်တပ်ဟာလည်း စစ်ကောင်စီ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ ကိုးကန့်တပ်ဟာ သူသိမ်းပိုက်ထားတဲ့ မြို့တွေမှာ ပြန်လည်ထူထောင်ရေးတွေ စတင်နေပါတယ်။

TNLA ကလည်း ဇန်နဝါရီလ ၁၂ ရက်နေမှာ ကျရောက်ခဲ့တဲ့ ၆၂ နှစ်မြောက် တ‌ေအာင်းအမျိုးသား တော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲအစည်းတွေဟာ စစ်ရေးအရှိန် မြှင့်သွားမယ့်အပြင် မြေပြန့်ဒေသနဲ့ ဆက်စပ်နေတဲ့ဒေသတွေမှာ စစ်ရေးအရှိန်မြှင့်သွားမယ်လို့ သတိပေးထားပါတယ်။

ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးမှုတွေဟာ မအောင်မြင်ခဲ့တာလားလို့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

တွေ့ဆုံဆွေးနွေးပွဲဆိုတာဟာ နှစ်ဖက်အဖွဲ့အစည်းလုံး လိုလားဖို့လိုတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲဆိုတာ နှစ်ဖက်လုံးကလည်း လိုလားဖို့လိုတယ်။ ဒါမှလည်း ဖြစ်တာကို။ တစ်ဖက်တည်းကပဲ တွေ့ဆုံဆွေးနွေးပွဲကို ပြောပြီးရင် နောက်တစ်ဖက်ကနေ အဲဒီဟာကို မလိုက်လျောဘူးဆိုရင် ဆွေးနွေးပွဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒီလိုအနေအထားမျိုးမှာ အင်အားသုံးပြီးတော့ တိုက်ပွဲတွေဖြစ်လာမယ်ပေါ့။ တစ်ဖက်က ဘယ်လိုမှ မခံမရပ်နိုင်တဲ့အခါမျိုးမှာလည်း တွေ့ဆုံဆွေးနွေးရေးမျိုးကတော့ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက လုံးဝကို လက်နက်ချတယ်ဆိုတဲ့ အခြေအနေမှာလည်း စားပွဲဝိုင်းပေါ်တော့ ရောက်ကြတာပဲ။ စည်းမျဉ်းစည်းကမ်းတွေနဲ့ချုပ်နှောင်ကြတယ်ပေါ့ ဒါမျိုးတွေတော့ရှိနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ အခု ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ ကြုံးဝါးထားပေမယ့် စစ်ရေးပဋိပက္ခတွေ ပိုမိုကျယ်ပြန်လာပါက ရွေး‌ကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ကြောင်းလည်း သုံးသပ်ထားကြပါတယ်။

Related posts

မင်းပြားက ရေဘေးသင့်ပြည်သူတွေကို HDCO ဆန်ထောက်ပံ့

Rakhita Times

စစ်တွေမှာ နေဗီ ၁၂ စီးခန့် ရောက်နေ

Rakhita Times

AA က သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်

Rakhita Times

10 comments

online pharmacy no peescription မတ် 5, 2026 at 10:36 မနက် Reply
online pharmacies canadian မတ် 5, 2026 at 10:40 ညနေ Reply
list of reputable canadian pharmacies မတ် 6, 2026 at 12:46 မနက် Reply
get canadian drugs မတ် 18, 2026 at 8:58 ညနေ Reply
маленькое детское порно မတ် 20, 2026 at 2:55 မနက်

Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.

Reply

Leave a Comment