HealthNewsPolitic

AA က သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်

အာရက္ခတိုင်းမ်စ် (၁၅ မေ ၂၀၂၅)

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်ကို ပြောပါတယ်။

“ရပ်ရွာတွေမှာ လိုက်ပြီးတော့ တာဝန်ရှိသူတွေက ခြင်မပေါက်ဖွားအောင် ဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုကာကွယ်ရမယ်၊ စတာတွေကို လုပ်ပေးနေသလို့ တစ်ပတ်မှာ ၆ ရက်နှုန်းနဲ့ အလှည့်ကျ လိုက်လံပြီး ကူညီလုပ်ဆောင်ပေးနေတယ်” လို့ ရက္ခိုင်လွတ်မြောက်နယ်မြေက ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သွေးလွန်တုတ်ကွေးရောဂါပိုး သယ်ဆောင်လာတဲ့ ခြင်ကျားများ မပေါက်ဖွားရန် လုပ်ဆောင်ရမယ့်အချက်များမှာ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်း၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြုပ် တို့ပဲဖြစ်ပါတယ်။

အထက်ပါ အဓိပ္ပာယ်များမှာ ဖုံး (ရေအိုး၊ ရေခွက်၊ ရေစည် အားလုံးကို ခြင်မဝင်နိုင်အောင်ဖုံးပါ)၊ သွန် (ရေအိုး၊ ရေခွက်၊ ရေသည် အားလုံးရဲ့ အတွင်းပိုင်းကို တိုက်ဆေးပြီး သွန်ပစ်ပါ)၊ လဲ (ညောင်ရေအိုး၊ ပန်းအိုးတို့ကို တစ်ပတ်တစ်ကြိမ် ဆေးပြီး ရေလဲပါ)၊ စစ် (ရေအိုး၊ ရေခွက်၊ ရေစည်များထဲမှ ရေကို စစ်ထည့်ပါ)၊ ခတ် (လောက်လန်သေဆေး Abate ကို ခတ်သင့်တဲ့ နေရာမှာ ခတ်ပါ)၊ ထောင် (ဘယ်နေရာ ဘယ်အချိန်အိပ်အိပ် ခြင်ထောင်နဲ့ အိပ်ပါ)၊ လောင်း (ကြောင်အိမ်အောက်ခံခွက်များထဲမှ ဆား (သို့) စက်ဆီဟောင်း လောင်းထည့်ထားပါ)၊ ဖွင့် (အလင်းရောင်ဝင်ပြီး ခြင်မခိုအောင်းနိုင်အောင် ပြတင်းပေါက်များ ဖွင့်ထားပါ)၊ ရှင်း (ခြင်မခိုအောင်းနိုင်စေရန် အိမ်တွင်း အိမ်ပြင် ရှင်းလင်းပါ)၊ မြုပ် (မိုးရေတင်ကျန်နိုင်တဲ့ ဘူးခွံ ခွက်ဟောင်း စတာတွေကို မြေမြုပ်ပစ်ပါ) ပဲဖြစ်ပါတယ်။

“ကြိုတင်ကာကွယ်ရေးက ကုသခြင်းထက် ကောင်းပါတယ်။ အခုလိုမျိုး တွန်းတွန်းတိုက်တိုက် ကိုယ့်အစိုးရက လုပ်ဆောင်ပေးလို့ အားရကျေနပ်မိပါတယ်။ အများပြည်သူတွေ အသိပညာဗဟုသုတရအောင် အခုလို ပညာပေးတွေ များများ လုပ်ဆောင်ပေးစေချင်ပါတယ်” လို့ လွတ်မြောက်နယ်မြေက ဒေသခံတစ်ဦးကလည်း အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကနေပြီး ကာကွယ်ရေး အသိပညာပေးတွေ ဆက်လက် လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။

Related posts

မင်းပြားက ရွာ ၁၆ ရွာ ရေနစ်မြုပ်နေ

Rakhita Times

ကျောက်ဖြူ ရေတပ်ဌာနချုပ်နဲ့ ၂ မိုင်ကွာခန့်အထိ တိုက်ပွဲနီးကပ်လာ

Rakhita Times

TNLA ရဲ့ အပတ်စဉ် ၆၇ စစ်ရေးသင်တန်းဆင်းပွဲ ကျင်းပ

Rakhita Times

3 comments

Davidsib စက်တင်ဘာ 4, 2026 at 3:15 မနက်

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Подробнее – srochnyj-vyvod-iz-zapoya

Reply
Davidexant စက်တင်ဘာ 15, 2026 at 2:33 မနက်

Обратиться за наркологической помощью стоит не только при тяжелом кризисе. Вызов врача может быть необходим при многодневном употреблении алкоголя, резком ухудшении самочувствия, ломке, тревоге, бессоннице, выраженном треморе или других признаках абстиненции. Нарколог на дому оценивает пациента и решает, допустимо ли лечение дома либо требуется клиника. Такой подход помогает быстро получить профессиональную консультацию и не использовать препараты без назначения.
Подробнее – нарколог на дом цена

Reply
Davidexant စက်တင်ဘာ 15, 2026 at 3:13 မနက်

Дом часто удобен для первой медицинской консультации. Пациент остается в привычной обстановке, а родственники могут подробно рассказать наркологу о ситуации. При стабильном состоянии лечение проводится дома, а если возможностей выездной помощи мало, врач рекомендует клинику. В Воронеже подобный вызов позволяет быстро получить наркологическую помощь и определить последовательность дальнейшего лечения.
Ознакомиться с деталями – вызвать нарколога на дом в Воронеже

Reply

Leave a Comment