NewsPolitic

AA က အခြားတိုင်းရင်သားအဖွဲ့နဲ့ ကွဲပြားပြီး ရက္ခိတလမ်းစဉ်ကို ဖော်ဆောင်နေ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၉ ဖေဖော်ဝါရီ ၂၀၂၅ ခုနှစ်)

အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်အပါအဝင် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက် စတဲ့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားနိုင်ပြီး ပူးပေါင်းတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် ခေတ်အမြင်၊ နည်းပညာ စနစ်တကျ ကိုင်တွယ် သုံးစွဲတတ်မှု၊ ရှေးရိုးမဆန်မှု စတာတွေအပြင် တခြားသော အကြောင်းအရာတွေကြောင့် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကွဲပြားမှုရှိတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောပါတယ်။

“ကွဲလွဲမှုရှိတယ်ဆိုတာက များသောအားဖြင့် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတော်လှန်ရေးက တော်တော်လေး နှစ်ကြာရှည်နေပြီ။ အာရက္ခတပ်တော်ကြတဲ့အခါ လူငယ်တွေနဲ့ဖွဲ့ စည်းတယ်၊ ခေတ်အမြင် ရှိတယ်၊ နည်းပညာ တွေကို စနစ်တကျ ကိုင်တွယ် သုံးစွဲနိုင်တယ်၊ ဒီထဲမှာ ပါဝင်တဲ့ဟာတွေကလည်း အသက်ငယ်ပိုင်းတွေ လူငယ် ဆိုတဲ့အခါ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေလို ရှေးရိုးမဆန်ဘဲနဲ့ modernist ဖြစ်တယ်။ အဲဒီဟာတွေမှာ‌တော့ အများကြီး ကွဲလွဲသွားလိမ့်မယ်။ သူတို့သည် တိုက်ခိုက်တဲ့ပုံစံရော စည်းရုံးတဲ့ပုံစံရော၊ နောက်ဆုံး ဖမ်းမိတဲ့ စစ်သုံ့ပန်းတောင် နိုင်ငံတကာပုံစံအရ စစ်သုံ့ပန်းဥပဒေအရ ညဉ်းဆဲတာမျိုး မလုပ်ပဲနဲ့ ခေတ်မီတယ်။ သူတို့ တိုက်ပွဲဝင်တဲ့ ပုံစံကလည်း လူငယ်တွေဖြစ်တဲ့အခါ ရဲရဲကြီး အခက်အခဲမရွေး တော်တော် များများ ကျော်ဖြတ်တယ်။ ဒီဟာတွေကြ ကွာလိမ့်မယ်။ အဲဒါကြောင့် ပြည်သူတွေရဲ့ ထောက်ခံမှုတွေ ရတာ။  တချို့ တချို့သော တိုင်းရင်းသားတွေမှာ အတွေ့အကြုံလည်း ရှိတယ်၊ အတွေ့အကြုံကို အခြေခံတယ်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေးလုပ်ပြီးတော့ ဟိုဘက်ဒီဘက်တွဲပြီး ကစားကြတဲ့ဟာ များနေတော့ အာရက္ခတပ်တော်မှာက တစ်မိန့် တစ်အာဏာအောက်မှာရှိနေတော့ ဒီဟာလည်း အားသာတယ်လို့ ပြောရမှာပေါ့” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်က တော်လှန်ရေးတပ်တွေရဲ့ သဘောသဘာဝဟာ KNU, KIO တို့လို အဖွဲ့အစည်းတွေမှာ အခြေတည်ပြီး အဲဒီ‌ဒေသတွေမှာပဲ တပ်ဖွဲ့ စဖွဲ့ခဲ့ကာ ‌လေ့ကျင့်ခဲ့ကြတာဖြစ်ပြီးမှသာ ရက္ခိုင်ပြည်မှာ အခြေပြန်ချကြတာဖြစ်ကြောင်း သူက ပြောပါတယ်။

ဒါကြောင့် အာရက္ခတပ်တော်ဟာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ် သဘောဆန်တဲ့ ဖွဲ့စည်းမှုတွေရှိတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်ဟာ ဖက်ဒရယ်ထက် အဆင့်မြင့်တဲ့ အနေအထားက သူ့ရဲ့ ရက္ခိတလမ်းစဉ် ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို နိုင်ငံရေးအဆင့်အတန်းတွေကို စစ်ကောင်စီပြုတ်မှ ဆက်လက်ဆွေးနွေးရမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“သူ့ကိုတော့ ပြောလို့မရဘူးလေ။ သူက ရက္ခိုင်ပြည်မှာ စစ်ကောင်စီ ကင်းစင်သွားအောင် လုပ်မယ်။ အဲဒါပြီးရင် နွေဦးတော်လှန်ရေးအတွက် နေပြည်တော်အထိ ချီတက်သိမ်းပိုက်မယ်လို့ ကြေညာထားတော့ တစ်ပြည်လုံးမှာ ပါမှာပဲလေ။ သူ့ရဲ့ ရက္ခိတလမ်းစဉ်ကတော့ သာမန်ဖက်ဒရယ် မဟုတ်ပါဘူး။ သူ့ရဲ့ ရက္ခိတလမ်းစဉ်ကတော့ ဖက်ဒရယ်ထက်ပိုပြီး မြင့်တဲ့ အနေအထားကို တောင်းဆိုနေတာပါ။ အဲဒါတွေက စစ်ကောင်စီ ပြုတ်ပြီးတဲ့ နောက်မှာ တိုင်းရင်းသားအချင်းချင်း NUG နဲ့ ဝိုင်းဝန်းညှိနှိုင်းပြီးတော့ ဆွေးနွေးရမယ့် ကိစ္စပါ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ လက်ရှိမှာ ပလက်ဝအပါအဝင် ရက္ခိုင်ပြည်က မြို့နယ် ၁၅ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ပြီး အဲဒီမြို့တွေမှာ ပြန်လည်ထူထောင်ရေးကိုလည်း တဖြေးဖြေး လုပ်ဆောင်နေပါတယ်။

Related posts

AA အနေနဲ့ စနစ်ကျတဲ့တပ်ဖွဲ့ဖြစ်အောင် ကူညီပေးလို့ ကျေးဇူးတင်ဂုဏ်ယူတယ်လို့ YDF ပြော

Rakhita Times

စကမ ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့က ကျောင်းသားတွေကို စခန်းသွင်းစာကျက်ခိုင်းနေ

Rakhita Times

ကျောက်ဖြူကို စစ်ကောင်စီက အဝင်အထွက် တင်းကျပ်ပြီး ကန့်သတ်လာ

Rakhita Times

1 comment

production company ဇန်နဝါရီ 5, 2026 at 10:53 မနက်

need a video? location scouting in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

Reply

Leave a Comment