BusinessNewsPolitic

ဒေါ်လာ ၃ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရလို့ ဦးကျောက်တောင်ပြော

အာရက္ခတိုင်းမ်စ် (၁၀ မတ် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ လုပ်ငန်းရှင် ဦးကျောက်တောင်က အမေရိကန်ဒေါ်လာ ၃ သန်း တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို အာရက္ခတပ်တော်က ချိတ်ပိတ်လိုက်တယ်လို့ BBC ကို ပြောပါတယ်။

ဦးကျောက်တောင်ရဲ့ နေအိမ် နဲ့ ပိုင်ဆိုင်မှုတွေဟာ အမေရိကန်ဒေါ်လာ ၃ သန်း ဟာ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်းပေါင်း ၁၃ သောင်းခွဲ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

ဦးကျောက်တောင်ဟာ နေလသစ္စာကုမ္ပဏီအပါအဝင် ထာဝရအောင်မြေကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး တောင်ကုတ်မြို့တွင် ဂုဏ်ဓနအမည်ရှိတဲ့ သင်္ဘောဒေါက်ကျင်း နဲ့ များစွာသော စီးပွားရေးလုပ်ငန်းများကိုပိုင်ဆိုင်ထားကာ မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

အလားတူ ဦးကျောက်တောင်ဟာ ရက္ခိုင်ပြည်တွင် တိုက်ပွဲများပြင်းထန်နေတဲ့ ၂၀၂၃ နဲ့ ၂၀၂၄ အတွင်းကလည်း ရန်ကုန်၊ ရက္ခိုင် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရေကြောင်းကနေပြီး ကုန်သွယ်ရေးလုပ်ကိုင်ခွင့် ရခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည် ဘူးသီးတောင်၊ မောင်တော နဲ့ သံတွဲမြို့ပေါ်က စစ်ကောင်စီနဲ့အတူ စီးပွားရေးလုပ်ကိုင်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် နေအိမ်အချို့ နဲ့ ဟိုတယ်အချို့ကိုလည်း ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

မတူပီမြို့သိမ်း ၁ နှစ်ပြည့်တွင် AA ပါဝင်တိုက်ခိုက်ပေးလို့ အထူးကျေးဇူးတင်ကြောင်း CDF/Matupi ဆို

Rakhita Times

မင်းပြားတွင် မိုင်းနင်းမိလို့ အမျိုးသမီးတဦး ဒဏ်ရာရ

Rakhita Times

နတ်ရေကန် မကျစေရန် စကမ အင်အားအများအပြား ဖြည့်တင်းနေ

Rakhita Times

11 comments

Leave a Comment