NewsPolitic

ငလျင်ကြောင့် မန္တလေးတွင် လူ ၇၀၀ နီးပါး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၅)

မန္တလေးတိုင်းဒေသကြီးတွင် ငလျင်ဒဏ်ကြောင့် လောလောဆယ် စာရင်းအရ လူဦးရေ ၆၉၄ ဦး သေဆုံးခဲ့ပြီး ၁၆၇၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ လက်ရှိအချိန်အထိ နောက်ဆုံး ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးဖြစ်တယ်” လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသများမှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး နဲ့ ရှမ်းပြည် အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူး တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ ငလျင်ဒဏ်ကြောင့် လူနေအိမ်ပေါင်း မြောက်များစွာနဲ့ လမ်း၊ တံတား များစွာ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီကယ်ဆယ်ရန် တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီး သူတို့နဲ့အတူ အသက်ကယ်ကိရိယာ (Life detector)များ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning system) များ၊ ခရီးဆောင်ဂြိုလ်တု(portable satellite)များ နဲ့ ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ အိန္ဒိယလေတပ်ကလည်း အကူအညီပစ္စည်းများနဲ့အတူ ဒီနေ့မနက်မှာ ထပ်မံရောက်ရှိလာပါတယ်။

Related posts

တောင်ကုတ်တွင် တရက်ထဲ ဆီဆိုင် ၂ ဆိုင် မီးလောင်

Rakhita Times

အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ AA သတိပေး

Rakhita Times

စစ်တွေကယ်ဆယ်ရေးစခန်းမှာ ဆန်ရှိရုံဖြင့် အဆင်မပြေ၊ ပိုက်ဆံရှိမှ အဆင်ပြေ

Rakhita Times

10 comments

Leave a Comment