BusinessNewsPolitic

တောင်ကုတ်တွင် တရက်ထဲ ဆီဆိုင် ၂ ဆိုင် မီးလောင်

အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် မတ်လ ၅ ရက် တရက်ထဲ ဆီဆိုင် ၂ ဆိုင် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

“၄ နာရီခွဲကျော်လောက်မှာ ကင်းတောင်ရွာက ဦးစိန်စု ပိုင်ဆိုင်တဲ့ ဆီဆိုင်မီးလောင်တယ်။ မီးငြိမ်းသတ်ရင်းနဲ့ လူငယ်နှစ်ယောက် အနည်းငယ်ထိခိုက် ဒဏ်ရာ ရသွားတယ်” လို့ တောင်ကုတ်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ညနေ ၅ နာရီကျော်တွင်လည်း ကိုင်းရျည်ရပ်ကွက်မှာရှိတဲ့ အာရက္ခဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

“ကိုင်းရှည် ဦးလွင်မိုးသူ ပိုင်ဆိုင်တဲ့ အာရက္ခဆီဆိုင်မီးလောင်လို့ အဲနားမှာရှိတဲ့ ဦးကိုဆန်းဝေရဲ့အိမ်ရယ် သူပိုင်တဲ့ သာလီစွ စားသောက်ဆိုင်လည်း မီးလောင်ကျွမ်းသွားတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အဆိုပါ မီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရရဲ့ မီးသတ်ဌာနက လာရောက် မီးငြိမ်းသတ်မှုကြောင့် ည ၇ နာရီခွဲခန့်တွင် မီးငြိမ်းသွားတယ်လို့လည်း သိရပါတယ်။

အဆိုပါ မီးလောင်မှုများနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)က တရားဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Photo – Arakan Princess Media

Related posts

ဧရာဝတီတိုက်ပွဲတွင် စကမရဲ့ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၊ ထိခိုက်မှုများနေ

Rakhita Times

မိုးရာသီ ဘေးအန္တရာယ် ကင်းစင်ရေး ရှောင်ရန် ဆောင်ရန် ပို့ဆောင်ရေးဌာန ထုတ်ပြန်

Rakhita Times

စကမက ကျန်ဒေသတွေထက် ရှမ်းမြောက်ကိုပဲ အဓိကအာရုံစိုက်နေ

Rakhita Times

101 comments

Leave a Comment