NewsPolitic

ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူကို အမြန်ဆုံး ကူညီမယ်လို့ ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၅)

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA, TNLA နဲ့ AA က ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများအပေါ် လူသာခြင်း ထောက်ထားစွာနဲ့ မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ တတ်နိုင်တာများကို အမြန်ဆုံး ထောက်ပံ့ပေးမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ ငလျင်ကြောင့် ပြည်သူလူထုများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း နဲ့ အဆောက်အဦးများ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်းတို့အတွက် မိသားစုများ၊ ဆွေမျိုးများ နဲ့ ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရတယ်” လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ က ဆိုပါတယ်။

နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးတာကြောင့် ပြည်သူလူထုများအနေနဲ့ အထူးဂရုစိုက် သွားလာ နေထိုင်ကြပါရန်နဲ့ သတင်းမှန်များကို နားစွင့်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲက တိုက်တွန်းထားပါတယ်။

“သဘာဝဘေးဒဏ်ကြောင့် ပြည်သူလူထုများ အသက်အိုးအိမ်စည်းစိမ် နဲ့ အဆောက်အအုံများစွာတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ ကာယကံရှင်မိသားစုများ၊ ဆွေမျိုးများ နဲ့ ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရပါတယ်” လို့လည်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိခဲ့ပြီး အဆောက်အဦး၊ လမ်း၊ ဘာသာရေးအဆောက်အအုံ မြောက်များစွာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Related posts

အာရက္ခအိမ်မက် အမြန်ဆုံး ပြီးပြည့်ပါစေလို့ ယောတပ်တော် ဆုတောင်း

Rakhita Times

ကျောက်ဖြူ တိုက်ပွဲမှာ ALP ပါဝင်ခြင်းမရှိလို့ ငြင်းဆို

Rakhita Times

သံတွဲမြို့ပေါ် ဗုံးကြဲခံရမှု လူ ၃ ဦး ထိခိုက်၊ နေအိမ် ၆ လုံး မီးလောင်ပျက်စီး

Rakhita Times

Leave a Comment