EnvironmentNewsPolitic

ရက္ခိုင်မှာ မိုးဆက်ကြီးနိုင်

အာရက္ခတိုင်းမ်စ် (၁၃ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည်မှာ မိုးဆက်လက်ကြီးနိုင်တယ်လို့ မိုးလေဝသဌာနက မနေ့က (၁၂ ဇွန်) ည ၇ နာရီ အချိန်တွင် ထုတ်ပြန်ခဲ့ပါတယ်။

“ရက္ခိုင်ပြည်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွှေ့သွားရာ နေရာများတွင် မိုးရွာသွန်းခြင်း နဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလျှပ်ခြင်း နဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်လာနိုင်တယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင်ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပြင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ အလားတူ မိုးသ်လေပြင်းကျရောက်ချိန်တွင် ရေပြင် နဲ့ မြေပြင်တွင် တနာရီကို မိုင် ၃၀ ကနေ မိုင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ထို့အပြင် ရက္ခိုင်ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပြင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေ ကနေ ၈ ပေ အထိ မြင့်တက်လာနိုင်ပြီး လက်ရှိအချိန်ထိ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအလွန်ကောင်းနေတယ်လို့လည်း သိရပါတယ်။

Related posts

“သူပုန်ဖြူအဖွဲ့”မှ ကဗျာစာအုပ်နဲ့‌‌ ငွေသားများ ထပ်မံပေးပို့

Rakhita Times

အမ်းမြို့ပေါ် တိုက်ပွဲရှောင်တွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

Rakhita Times

ရက္ခိုင်ကို ပို့ဆောင်မယ့် ဒီဇယ်ဆီ လီတာ ၆၀၀၀ ကျော်ကို BCG ဖမ်းဆီး

Rakhita Times

7 comments

Leave a Comment