NewsPolitic

သံတွဲကို စစ်ကောင်စီဗုံးကြဲလို့ ဒဏ်ရာရှိသူထဲက ၁ ဦး ထပ်မံ သေဆုံး

အာရက္ခတိုင်းမ်စ် (၁၇ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်က ၃ နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဒဏ်ရာရရှိသူတွေထဲက ၁ ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက် ည ၁၀ နာရီကျော်တွင် သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ဒဏ်ရာရရှိသူတွေထဲက အသက် ၄၂ နှစ်အရွယ် ဒေါ်တင်တင်ဝင်းဟာ ဆေးကုသနေစဉ် ဇွန်လ ၁၄ ရက် မနက် ၆ နာရီကျော်တွင် ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည် နဲ့ ချင်းပြည်အတွင်းရှိ မြို့နယ်အများအပြားအပါအဝင် တိုင်းစစ်ဌာနချုပ် တစ်ခုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို မကြာခဏ ဆိုသလို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

စစ်တွေမှာ စက်သုံးဆီ ဈေးကစားမှု ကုန်သည်တွေကို ခေါ်ယူဆွေးနွေးသင့်

Rakhita Times

အကြမ်းဖက် ARSA အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဆုတ်ခွာ

Rakhita Times

မဟာမိတ် ၂ ဖွဲ့ အပစ်ရပ်လို့ ရက္ခိုင်ပြည်သူ ပိုမို အထိနာလာနိုင်

Rakhita Times

4 comments

Leave a Comment