BusinessNewsPolitic

စစ်တွေမှာ စက်သုံးဆီ ဈေးကစားမှု ကုန်သည်တွေကို ခေါ်ယူဆွေးနွေးသင့်

အာရက္ခတိုင်းမ်စ် (၁၂ မတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်မှာ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက်နေမှုအပေါ် သက်ဆိုင်ရာ နယ်မြေကို အုပ်ချုပ်ထိန်းချုပ်ထားတဲ့ အစိုးရတရပ်အနေနဲ့ ဆီကုန်သည်တွေကို ခေါ်ယူပြီး ဆွေးနွေး ညှိနှိုင်းသင့်တယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဈေးသည်တွေဟာ ဆိုင်ကယ်တွေနဲ့ လာရောက် ရောင်းချကြတာဖြစ်ပြီး အခုလို စက်သုံးဆီဈေး ကြီးမြင့်မှုတွေကြောင့် ဈေးသည်တွေ ရောင်းချတဲ့ ကုန်တွေဟာလည်း ဈေးမြင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ သူက ပြောပါတယ်။

“ဟင်းသီးဟင်းရွက် ရောင်းတဲ့လူတွေက ဆိုင်ကယ်တွေနဲ့ လာရဖို့၊ ဘေးတွဲနဲ့သော်လည်းကောင်း၊ ကိုယ်ပိုင်ဆိုင်ကယ်နဲ့သော်လည်းကောင်း လာရင် ဆိုင်ကယ်ဆီအတွက်က အဆမတန်ပေးလို့ ဝယ်ရတယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေလည်း ဆိုင်ကယ်ဈေးဖိုးတွေ ကာမိအောင် ဈေးတက်ပါဖို့ဗျယ် မလားယေ။ အစိုးရကနေပြီးတော့ ဘာအတွက် ဒီလို ဆီတွေ ရှားသွားလဲ။ ဆီတွေဟာ တရက်တည်းနဲ့ အဆမတန် တက်သွားတာမျိုးတွေ၊ တဆထက်မက တက်သွားတာမျိုးတွေ၊  နှစ်ဆ တက်သွားတာမျိုး၊ သုံးဆ တက်သွားတာမျိုး ဖြစ်လာတယ်ဆိုရင် အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကြပ်အတည်းပေါ့နော်။ အခုဆိုရင် ဘာပဲဖြစ်ဖြစ် ငွေရေးကြေးရေးက ခက်ခဲနေချိန်၊ စီးပွားရေးတွေလည်း အားလုံးကြပ်တည်း နေတဲ့အချိန်ဆိုကာ အစိုးရက ဆီကိစ္စကို ကွင်းဆင်းလေ့လာပြီး ဘာလို့ ဒီလို ဈေးတက် သွားရတာလဲဆိုတာကို ဆီလှောင်ထားတဲ့ ဆီကုန်သည်တွေ၊ အဲဒီလူတွေကို သွားလို့ လေ့လာပြီး ခေါ်လို့ ဆွေးနွေးပြီး ဘာလို့ဖြစ်တာလဲ အကျိုးအကြောင်းကို မေးပြီး ဆီရှိရဲ့သားနဲ့ တမင် ဈေးတက်အောင်လို့ ကစားတာလား၊ အမှန်တကယ်ပဲ ဆီမရှိလို့ အခုလို ဈေးတက်တာလား ဆိုတာကို အစိုးရက အဲဒီကုန်သည်တွေနဲ့ ခေါ်တွေ့တယ်ဆိုရင်တော့ ဆွေးနွေးပြီးရင် ဒီဈေး၊ ဒီဈေး၊ ဒီလောက်၊ ဒီလောက် သတ်မှတ်ထားလို့ နောက်ဆုံး တသောင်းခွဲ၊ တသောင်းခြောက်ထောင်နဲ့ ရောင်းခဲ့တဲ့ ဆီကို အဲဒီအတိုင်းပဲ ဖြစ်လာမယ်ဆိုရင် ပိုလို့ အဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

စစ်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်က စက်သုံးဆီဈေးဟာ တနေ့တည်းမှာတင် တလီတာကို ၅ သောင်းကျပ်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

အဲဒီနောက် ၂ သောင်းခွဲကျပ် ဝန်းကျင်အထိ ပြန်လည်လျော့ကျသွားခဲ့ပေမယ့် အခုလက်ရှိမှာတော့ ၃ သောင်းကျော်အထိ ဈေးပြန်လည် မြင့်တက်လာနေတာ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Related posts

ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပေါ် TNLA ရှုတ်ချ

Rakhita Times

စစ်တပ်က စစ်တပ်အလုပ်မလုပ်လို့ နိုင်ငံရေးချွတ်ခြုံကျ

Rakhita Times

စစ်တွေမှာ ကြံ့ဖွံ့ပါတီနဲ့ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးမှူးရွေးဖို့လုပ်နေ

Rakhita Times

3 comments

ManuelHoaks စက်တင်ဘာ 3, 2026 at 2:00 ညနေ

Наркологическая клиника «Триумф» в Москве оказывает медицинскую помощь при алкогольной и наркотической зависимости. В клинике доступны лечение алкоголизма, лечение наркомании, вывод из запоя, детоксикация, кодирование, амбулаторное лечение и реабилитация. Программа подбирается с учетом состояния пациента, стажа зависимости и сопутствующих нарушений. Медицинская помощь оказывается анонимно, круглосуточно, в стационаре или на дому.
Подробнее – https://2.narkologicheskaya-klinika-moskva11.ru/

Reply
Davidexant စက်တင်ဘာ 15, 2026 at 10:13 မနက်

Наркологическая помощь на дому строится с учетом возраста пациента, стажа алкоголизма или наркомании, сопутствующих заболеваний, ранее проведенного лечения и лекарств, которые уже использовались. Врач может назначить препараты, провести снятие выраженных проявлений абстиненции, выполнить детоксикацию и определить необходимость дальнейшей терапии. Если пациент много лет живет с зависимостью, лечение обычно не ограничивается одной процедурой: дополнительно могут применяться кодирование, психотерапия, лечение в клинике и реабилитация.
Ознакомиться с деталями – https://8.narcolog-na-dom-voronezh0.ru/

Reply
Patrickskany စက်တင်ဘာ 19, 2026 at 6:54 မနက်

О необходимости обратиться к опытному наркологу могут говорить следующие проявления:
Изучить вопрос подробнее – https://vyvod-iz-zapoya-podolsk77.ru/

Reply

Leave a Comment